ချစ်ခြင်းမဲ့အမုန်းသစ္စာ(part55)

44 8 0
                                    

''ကိုတို့သွားကြရအောင်လွန်း..''

''အင်း..''ဇိုင်းလွန်ခဲ့တဲ့တစ်ပတ်ကပင်ပစ္စည်းတွေကြိုစုခိုင်းထားလေသည်။

မိဘမဲ့ဂေဟာကျောင်းတွေအားလုံးမှာလှူဖွယ်ပစ္စည်းစုံလင်စွာသွားရောက်လှူဒါန်းလေသည်။နွေမောင်ထည့်ပေးလိုက်တဲ့ဘော်ဒီကဒ်၇ယောက်ဟာလည်းအားကိုးလို့ရသည်။ဇိုင်းနဲ့လွန်းသိပ်အပင်ပန်းခံစရာမလိုပင်...

လွန်းဗန်ဒါပင်အောက်ကခုံတန်းလေးမှာထိုင်နေတုန်းကလေးမလေးတစ်ယောက်သူမရှိရာသို့ပြေးလာပြီး''မမ..မီးမီးပုံဆွဲထားတာလှလားဟင်''

လွန်းကလေးမဆီကစာရွက်ကိုယူကြည့်လိုက်ပြီး''ဟားမီးမီးလေးကတော်လိုက်တာ...လှတယ်ကွယ်...''

''အဲဒါမီးမီးဖေဖေနဲ့မေမေလေအလယ်ကမီးမီးပေါ့...''

ကလေးမလေးကအားတက်သရောပြောနေပေမယ့်လွန်းကတော့ကလေးမလေးစကားကြောင့်သူမလေးအားသနားမိလေသည်။

မိဘမဲ့ကျောင်းမှာကြီးပြင်းလာကြတဲ့ကလေးတွေဟာနွေးထွေးကြင်နာတဲ့မိဘတွေရဲ့အရိပ်အောက်မှာခိုလှုံချင်ကြမှာဘဲ...

ဇိုင်းလွန်းပျောက်လို့လိုက်ရှာကာမှလွန်းကအပင်အောက်ခုံတန်းလေးမှာထိုင်ပြီးတစ်ခုခုကိုတွေးတောနေဟန်ရှိလေသည်။

''လွန်း..''

''ဟင်ဇိုင်း...''

''ဘာတွေဒီလောက်တွေးနေတာလဲ..ကို့ကိုလည်းပြောပြပါအုန်း''

''ဒီကကလေးတွေအကြောင်းပါ..သူတို့လေးကအတော်သနားဖို့ကောင်းတာဘဲ...မိဘရှိလျက်နဲ့စွန့်ပစ်ခံရတဲ့ကလေးတွေမိဘကဘယ်သူဘယ်၀ါမှန်းတောင်မသိဘဲဒီမှာဘဲကြီးပြင်းလာရတဲ့ကလေးတွေအကြောင်းပေါ့...''

''လွန်းရယ်...ဒါကအတိတ်ဘ၀ကကုသိုလ်ကံတွေကြောင့်လဲပါပါတယ်...လောကဓံရဲ့ရိုက်ခတ်မှုတွေကိုမခံနိုင်တော့တဲ့အဆုံးကိုယ်လွှတ်ရုန်းပြေးကြတဲ့မိဘတွေကသူတို့သားသမီးတွေကိုဒီမှာလာစွန့်ပစ်ကြတာဘဲ...တစ်ချို့ကလေးတွေဆိုပိုတောင်သနားဖို့ကောင်းတယ်...အမိ၀မ်းတွင်းမှာဘဲလူ့ဘ၀တောင်မရောက်ခဲ့ရဘူးသေခဲ့ကြရတဲ့ကလေးတွေမှအများကြီးဘဲလွန်း...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now