ချစ်ခြင်းမဲ့အမုန်းသစ္စာ(part14)

59 8 0
                                    

ဘန်ဂလိုတစ်ခုတွင်

''မင်းပြောပုံအရဆိုရင်မှောင်ခွင်းမှာသိပ်ချစ်ရတဲ့ညီမလေးတစ်ယောက်ရှိတယ်ပေါ့''

နွေမောင်ကဇိုင်းအမေးကိုခေါင်းငြိမ့်ပြလေသည်။
''ဟုတ်တယ်ဇိုင်းဒီကောင်ကသူများသမီးပျိုတွေကိုလူကုန်ကူးရုံတင်မကဘူးပျော်တော်ဆက်အဖြစ်လည်းအသုံးပြုတယ်...ဒါပေမယ့်ဒီကောင်ကသူ့ညီမကိုတော့အရမ်းချစ်တာကွ...''

''သူ့ညီမနာမည်ကဘယ်လိုခေါ်လဲနွေမောင်..''

''၀င့်၀ါလွန်းထည်တဲ့အခုUSမှာကျောင်းတက်နေတယ်...မင်းသူ့ညီမနာမည်မေးနေတယ်ဆိုတာမဟုတ်မှမင်းသူ့ညီမကိုပစ်မှတ်ထားဖို့လား''

''နွေမောင်..မှောင်ခွင်းရဲ့အားနည်းချက်က၀င့်၀ါလွန်းထည်ဆိုရင်ငါရဲ့ပစ်မှတ်ကအဲမိန်းကလေးဘဲ...ဇိုင်းကဘယ်လိုလူမျိုးလဲမင်းသိပါတယ်နော်နွေမောင်''

နွေမောင်ကဇိုင်းရဲ့အပြုံးကြောင့်ကျောထဲစိမ့်သွားလေသည်။

သေချာသည်ဇိုင်းဒီလိုပြုံးနေပြီးဆိုရင်တစ်ခုခုကိုယုတ်မာတော့မည်ကိုနွေမောင်သိနှင့်နေသည်။

''မှောင်ခွင်းရဲ့နာမည်အရင်းရှိတယ်ဇိုင်း''

''ဘယ်လိုလဲ''ဇိုင်းကဖန်စားပွဲပေါ်တွင်လက်ညိုးနဲ့စားပွဲကိုအသံမြ်ညအောင်ခေါက်နေရင်းမေးလိုက်လေသည်။

''တည်ကြည်ခံ့ညား..''

''တည်ကြည်ခံ့ညား..၀င့်၀ါလွန်းထည်...ဟက်!!နာမည်တွေကတော့အလန်းတွေပါလား..မှောင်ခွင်းရဲ့နောက်ကြောင်းရာဇာ၀င်ကိုတော့ငါစိတ်၀င်စားနေပြီး..''

''မင်းစိတ်၀င်စားမယ်ဆိုတာငါကြိုသိနေတယ်...ဒါပေမယ့်ဇိုင်း..မှောင်ခွင်းကမင်းထင်သလိုယောကျာ်းတစ်ယောက်တော့မဟုတ်ဘူးနော်...သူကမင်းလိုဘဲtransmanတစ်ယောက်...''

''wow!!!တကယ်ကြီး..ဟား..စိတ်၀င်စားသွားပြီးနွေမောင်ရာ...ဆက်ပြောကွာ''

''ငါစုံစမ်းသိရသလောက်သူကမိဘမဲ့ဂေဟာကနေကြီးပြင်းလာခဲ့တာသူတို့မောင်နှမ၂ယောက်ကိုလူတစ်ယောက်လာခေါ်သွားခဲ့တယ်ပြီးတော့မှောင်ခိုလောကထဲကိုရောက်လာခဲ့တာဘဲ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now