ချစ်ခြင်းမဲ့အမုန်းသစ္စာ(part46)

45 7 0
                                    

ဇိုင်းမြန်မာပြည်ကိုရောက်ရောက်ချင်းမှာပင်နွေမောင်ဆီသို့ဖုန်းခေါ်လိုက်လေသည်။

''ဟယ်လို..ဇိုင်းပြောလေ''

''နွေမောင်မင်းအခုဘယ်မှာလဲ...''

နွေမောင်ဇိုင်းအသံကမာကြောနေသည်ဟုထင်မိသည်။

''နွေမောင်ငါမေးနေတယ်မင်းအခုဘယ်မှာလဲ''

''ငါဘန်ကောက်မှာဇိုင်းဘာဖြစ်လို့လဲ''

''မင်းဘန်ကောက်မှာဘယ်ကတည်းကလဲ''

''လွန်ခဲ့တဲ့၁လကဘဲ..မစ်လန်ကအရေးကြီးကိစ္စခိုင်းစရာရှိလို့ခေါ်လိုက်တာ.ဇိုင်းမင်းဘာဖြစ်လို့လဲ...''

''ငါ့ဒယ်ဒီနဲ့မာမီလုပ်ကြံခံရတယ်နွေမောင်''

''ဘာ!!!မင်းဒယ်ဒီတို့လုပ်ကြံခံရတယ်..''

''အေး..ငါအခုမြန်မာပြည်ပြန်ရောက်နေပြီနွေမောင်..မင်းဘန်ကောက်ကကိစ္စတွေအမြန်ဖြတ်ပြီးဒီကိုလာခဲ့...''

''အေးငါမစ်လန်ကိုအကျိုးအကြောင်းပြောပြီးရင်ချက်ချင်းလာခဲ့မယ်ဇိုင်း..ငါမရောက်ခင်မင်းစိတ်ကိုလျော့ထားနော်..ထင်ရာလျှောက်မလုပ်နဲ့...''

တူ!!!!

နွေမောင်ဒီစစ်ဆင်ရေးကိုပယ်လိုက်မှဖြစ်တော့မည်။

မစ်လန်ရဲ့သူမချုန်လဲရှိနေတာဆိုတော့အဆင်ပြောမှာပါ...နွေမောင်မစ်လန်ရှိရာသို့ကားဖြင့်ထွက်လာခဲ့လေသည်။

''မစ်လန်..နွေမောင်အလောတကြီးပြန်လာတယ်''လန်မန်သူမသက်တော်စောင့်စကားကြောင့်နွေမောင်အား

''နွေမောင်ဘာကိစ္စရှိလို့လဲ''

''ကျနော်တင်ပြစရာရှိလို့ပါမစ်လန်..ခနကဇိုင်းဖုန်းဆက်လာတယ်...သူမြန်မာပြည်ကိုပြန်ရောက်လာပြီး...''

''UKမှာမပျော်တော့လို့လား''

''မဟုတ်ဘူးမစ်လန်သူ့မိဘတွေလုပ်ကြံခံရတယ်...ဇိုင်းတရားခံကိုရှာဖွေဖို့မြန်မာပြည်ကိုပြန်ရောက်လာတာ...''

''တရားခံကိုဖမ်းဆီးဖို့မင်းအကူညီလိုမယ်ထင်တယ်...နယ်စပ်ကကိစ္စတွေကိုချုန်တို့အဖွဲ့ဖြေရှင်းလိမ့်မယ်..မင်းကဇိုင်းဆီသွားပြီူလိုအပ်တာကူညီပေးလိုက်...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now