ချစ်ခြင်းမဲ့အမုန်းသစ္စာ(part39)

43 8 0
                                    

ဆေးရုံတွင်အခုချိန်ထိဆေးကုသမှုခံယူနေရသောစစ်

အောက်ဆီဂျင်ပိုက်ဖြင့်အသက်ရှုနေရသောသားဖြစ်သူကိုကြည့်ပြီးဦးသောတမင်းနာကျည်းမှုဖြင့်ဒေါသမီးတောက်လောင်လာခဲ့ရသည်။

''တောက်!!တော်၀င်မဟာ...မင်းကြောင့်ငါ့သားအခုလိူဖြစ်သွားရတာမင်းကိုငါဒီတစ်သက်မကျေဘူးကွ''

Royal company

''ceo မိန်းကလေးတစ်ယောက်ကceoကိုတွေ့ချင်လို့တဲ့...''
ဦးတော်၀င်တစ်ယောက်ရုံးခန်းမှာအလုပ်ရှုပ်နေသောမန်နေဂျာကဧည့်သည်ရှိကြောင်းလာပြောလေသည်။

''ဘယ်သူလဲ..အဲမိန်းကလေးနာမည်ကရောဘယ်လိုခေါ်လဲ''

''တောက်ပလွန်းသူလို့ပြောပါတယ်ceo''

''သမီးလွန်းပါလား...လင်းသစ်အဲကလေးမကိုငါ့ရုံးခန်းထဲလွှတ်လာလိုက်''

''ဟုတ်ကဲ့ceo''

လင်းသစ်ထွက်သွားတော့ဦးတော်၀င်တစ်ယောက်လုပ်လက်စအလုပ်ကိုဆက်လုပ်နေတော့သည်။

ဒေါက်..ဒေါက်..ဒေါက်

''၀င်ခဲ့သမီးလွန်း''

ချပ်!!

''အန်ကယ်အားလားဟင်..''ဦးတော်၀င်လွန်းအားကြည့်လာပြီး''အားပါတယ်သမီးလွန်းလာလေ..''

ဆိုဖာမှာ၀င်ထိုင်လိုက်တော့''အန်ကယ့်ဆီသမီးလာတဲ့ကိစ္စကဇိုင်းအကြောင်းမေးမလို့ပါအန်ကယ်''

သမီးလွန်းဇိုင်းနဲ့ပတ်သက်တာကိုမေးဖို့ဘဲဒီကိုလာမယ်ဆိုတာဦးတော်၀င်သိနှင့်နေသည်။

''မေးပါသမီး...''

''ဇိုင်းသမီးကိုဘာလို့လမ်းခွဲရတာလဲ...''

''မြနှင်းသမီးကိုမပြောပြခဲ့ဘူးလား..ဇိုင်းကသမီးကိုပျော်ရွှင်စေချင်လို့စေ့စပ်ပွဲကိုဖျက်သိမ်းပြီးလမ်းခွဲခဲ့တာလေ...''

''သမီးကိုပျော်ရွှင်စေချင်လို့တော့မပြောပါနဲ့အန်ကယ်..ဇိုင်းအကြောင်းကိုသမီးအသိဆုံးပါ...သူဘာကြောင့်အခုလိုလုပ်တာလဲသမီးသိချင်တယ်...အခူဇိုင်းဘယ်မှာလဲအန်ကယ်''

ဦးတော်၀င်ဖြေပေးဖို့ခက်နေသည်။ဇိုင်းကသူUKမှာရှိနေတာကိုဘယ်သူ့ကိုမှမသိစေချင်မိသားစုကလွဲပြီးကျန်တဲ့သူတွေကိုလုံး၀မပြောပြပါနဲ့ဟုကတိတောင်းထားခဲ့သည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWo Geschichten leben. Entdecke jetzt