ချစ်ခြင်းမဲ့အမုန်းသစ္စာ(part52)

65 9 0
                                    

ဇိုင်းမနက်အိပ်ယာနိုးလာတော့အရင်ဆုံးဖုန်းကိုဖွင့်ကြည့်မိသည်။

ညတုန်းကသူစိတ်တိုနေတာကြောင့်ဖုန်းကိုပိတ်ပစ်လိုက်သည်။

မနေ့ညကမက်ဆေ့စ်ပို့သူကတော့သူ့ထံကိုအစောင်၁၀၀မကပို့ထားသည်ကိုတွေ့ရတော့ဇိုင်းမဲ့ပြုံးလေးပြုံးမိသွားသည်။

''လင်းမြတ်မေ၀တီ...ဟက်!!!နောက်ဆုံးတော့ငါ့သားကောင်ဖြစ်လာပြီးဘဲ...''

ဇိုင်းသူမထံသို့မက်ဆေ့စ်တစ်စောင်ပို့လိုက်လေသည်။

💬ကိုတို့ဒီနေ့တွေ့ရအောင်မေလေး...

တိမ်!!!

ဇိုင်းသူမထံစာပို့ပြီးတော့ရေချိုးခန်းထဲ၀င်ကာရေမိုးချိုးပြင်ဆင်တော့သည်။

မေတစ်ယောက်ရေမိုးချိုးအ၀တ်စားလဲရန်အ၀တ်ရွေးနေစဥ်သူမဖုန်းဆီမက်ဆေ့စ်သံကမြည်လာလေသည်။

တိမ်!!!

''ဘယ်သူပို့တာပါလိမ့်..''သူမဖုန်းကိုဖွင့်ကြည့်လိုက်တော့ဇိုင်းဆီကဖြစ်နေတာကြောင့်သူမအတိုင်းမသိပျော်ရွှင်သွားလေသည်။

ဇိုင်းကဒီနေ့ငါ့ကိုတွေ့ချင်တယ်တဲ့...ပျော်လိုက်တာ...

မေဇိုင်းတွေ့ဖို့၀တ်စားရွေးနေခဲ့တာ၁နာရီလောက်ကြာသည်။

မေစိတ်တိုင်းကျ၀တ်စုံကိုတွေ့မှအဲဒါဘဲ၀တ်ဆင်ပြီးဇိုင်းချိန်းတဲ့နေရာသို့ထွက်လာခဲ့လေသည်။

''သမီးမေလေးဘယ်လဲ..''

ဒယ်ဒီကမေ့အားမနက်စာစားရင်းမေးလာသည်။

''အပြင်ပါဒယ်ဒီ''

''မနက်စာမစားတော့ဘူးလားသမီးလေး''

''မေချိန်းထားတာရှိလို့ပါဒယ်ဒီ..အခုတောင်နောက်ကျနေပြီးသွားပြီနော်''

''သမီးလေးအခုတလောတော်တော်ပျော်နေတဲ့ပုံဘဲ..စစ်မင်းညီမချစ်သူတွေဘာတွေရနေပြီးလားမေးကြည့်ကြည့်အုန်း''

''မေသာချစ်သူရမယ်ဆိုကျနော်တရားစခန်းအပြီး၀င်လိုက်မှာ''

''အေးမင်းစကားနဲ့မင်းနော်စစ်...''

အပြင်သွားဖို့ဆင်းလာသောနောက်တစ်ယောက်ပင်ဒိဿရ

''ဒိမင်းကဘယ်လဲ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာHikayelerin yaşadığı yer. Şimdi keşfedin