ချစ်ခြင်းမဲ့အမုန်းသစ္စာ(part67)🚨🚨🚨

119 8 0
                                    

ဇိုင်းသူမချက်ကျွေးသောညစာကို၂ယောက်အတူတူစားသောက်ကြလေသည်။ဇိုင်းအိမ်တော်ကိုမပြန်သေးတာကမပြီးပြတ်သေးတဲ့ပြသနာတွေကိုဖြေရှင်းဖို့အတွက်ပင်...ဦးငယ်ကတော့လွန်ခဲ့တဲ့၁ပတ်ကပင်အိမ်တော်ကိုပြန်သွားလေပြီး..ဇိုင်းဦးသောတမင်းတို့မိသားစုကိုအကွက်ကျကျစီစဥ်သတ်ဖြတ်နိုင်ဖို့အတွက်အချိန်၁လကြာသွားလေသည်။

နွေမောင့်ရဲ့စခန်းမှာဘဲအစီစဥ်တွေရေးဆွဲပြီးမှလှုပ်ရှားခဲ့လေသည်။

ဦးသောတမင်းကဇိုင်းရဲ့အဓိကပစ်မှတ်တွေကိုသိပေမယ့်အစီစဥ်အချိန်အခါကိုမသိခဲ့တော့သူ့၏အစီအစဥ်တွေဟာအလာဟသဖြစ်ကုန်လေသည်။
ဇိုင်းဒီကိုမလာခင်မှာနွေမောင့်အားဘန်ကောက်ပြန်ခိုင်းပြီးဦးရွှေအောင်မင်းတို့ကိုစောင့်ကြည့်ခိုင်းထားသည်။

ဦးရွှေအောင်မင်းဒီကကိစ္စတွေကိုသိရင်သူလည်းဇိုင်းကိုသတ်ပစ်ဖို့လှုပ်ရှားလိမ့်မည်။ဦးရွှေအောင်မင်းထက်
ဇိုင်းခြေတစ်လှမ်းသာဖို့တော့လိုသည်။
ဒီဘိုးတော်ဉာဏ်နီဉာဏ်များသလိုအကွက်ကျကျစီစဥ်နိုင်သူလည်းဖြစ်တာကြောင့်ဇိုင်းရဲ့နောက်ဆုံးပစ်မှတ်ကိုသေချာဂရုစိူက်ဖို့တော့လိုလိိမ့်မယ်

ဦးရွှေအောင်မင်းအကြံကိုဇိုင်းသိနှင့်နေသည်။ဇိုင်းသူ့ကိုပစ်မှတ်ထားမယ်ဆိူမာမီကိုသူဓားစာခံအနေနဲ့အသုံးချလိမ့်မည်။

ဒီဘိုးတော်ကဒယ်ဒီကို့မကျေနပ်လို့ဦးသောတမင်းကိုငွေပေးပြီးသတ်ခိုင်းခဲ့တာပင်..ဒီတခါသူ့အလှည့်ဘဲ...

ဇိုင်းညစာစားပြီးတော့အခန်းထဲမှာအစီစဥ်တွေဆွဲဖို့အတွက်ပြင်ဆင်လေသည်။

လွန်းဇိုင်းအပြင်မှာမရှိတော့တာကြောင့်အခန်းထဲကို၀င်လာခဲ့လေသည်။အခန်းထဲမှာတော့ဇိုင်းဟာလက်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေလေသည်။

''ဇိုင်းဘာတွေလုပ်နေတာလဲ...''

''ကိုအစီစဥ်တွေဆွဲနေတာပါ''

''အလုပ်လားrevengeလား''

''ကိုအလုပ်လုပ်နေတာမဟုတ်ဘူးဆိုရင်ရော''

''ဘာတွေလဲလွန်းကိုလည်းပြပါလား''

''လွန်းကိုပြတော့လွန်းနားလည်မှာလား... ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now