ချစ်ခြင်းမဲ့အမုန်းသစ္စာ(part2)

84 12 1
                                    

''တောက်!!!တော်၀င်မဟာ..တော်၀င်မဟာမင်းလိုကောင်မျိုးကငါ့ကိုလာစိန်ခေါ်မှတော့ငါကလည်းပြိုင်ပွဲထဲ၀င်ဖို့အဆင်သင့်ဘဲကွ...''

တော်၀င်စံအိမ်

''ယောဠိဒီနေ့မင်းမရီးရဲ့ညီမကိုသွားကြိုရမယ်အကိုမအားလို့မင်းနဲ့မြင့်မိုရ်သွားကြိုပေးပါလား''ကိုမဟာကအပြင်သွားတော့မယ့်ယောဠိတို့၂ယောက်ကိုလှမ်းပြီးအကူညီတောင်းလိုက်လေသည်။

''ကိုမဟာမအားရင်ကျနော်သွားကြိုပေးမယ်လေ..မြင့်မိုရ်ကမရီးနဲ့အတူတူနေခဲ့ချေ..ကိုပြန်လာမှဆိုင်ကိုလိုက်ပို့ပေးမယ်ဒီတိုင်းတစ်ယောက်ထဲတော့မသွားနဲ့...''

''ဟုတ်ပါပြီးရှင်..ဂရုစိုက်သွားနော်...''

ယောဠိလည်းနှုတ်ဆက်ပြီးလေဆိပ်သို့ထွက်လာခဲ့လေသည်။

မြန်မာနိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးတွင်

ခရီးဆောင်အိတ်ကိုဆွဲကာလျှောက်လှမ်းလာသောမပိုးခက်ဟေသာပင်..

ဟေသာသူမရဲ့အမနဲ့ခဲအိုကိုမျက်လုံး၀ှေ့ကာရှာဖွေပေမယ့်အရိပ်ယောင်တောင်မတွေ့ရပေ။

''တဆိတ်လောက်ဒီကမပိုးမြချစ်ရဲ့ညီမပိုးခက်ဟေသာများလား..''

ဟေသာ့အရှေ့ကိုရောက်လာသောအနောက်တိုင်း၀တ်စုံနဲ့လူတစ်ယောက်မျက်နှာထက်၀ယ်အပြုံးတစ်ခုနဲ့သူမအားနှုတ်ဆက်ပြုံးပြနေလေသည်။

ထိုအပြုံးကသူမရင်ထဲတွင်တစ်စုံတစ်ခုကိုလက်စားချေလိုသောအပြုံးမျိုးသာ..

''ဟုတ်ပါတယ်ဒါနဲ့ဘယ်သူလဲ..''

ဟေသာ့အမေးကိုထိုလူကထပ်မံပြုံးလိုက်ကာ''ကျနော်နာမည်ရွှေတိုက်မင်းပါ...ပိုးခက်ဟေသာကိုလာကြိုတာပါ...''

''ရှင်!!!ကိုတော်၀င်မဟာနဲ့မမပိုးကဟေသာ့ကိုလာကြိုမှာမဟုတ်လား''

ဟေသာ့အမေးကိုသူကဂရုစိုက်ဟန်မပေါ်ပေ။

''မပိုးခက်ဟေသာကြွပါခဗျာ့...''

ဟေသာတခါမှမတွေ့ဖူးတဲ့ထိုလူနဲ့အတူမလိုက်နိုင်ပေ။

''ဟေသာ့ကိုခွင့်ပြုပါလူကြီးမင်း..ဟေသာမမြင်ဖူးမတွေ့ဖူးတဲ့လူနဲ့တော့အတူမလိုက်နိုင်ဘူး...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now