ချစ်ခြင်းမဲ့အမုန်းသစ္စာ(part12)

55 7 0
                                    

''လွန်းခနလေး..''

''ဘာလဲသျှင်''

''ငါဒီညနင်နဲ့အိပ်ချင်တယ်..ရမလား''သျှင်ကရုတ်တရက်သူမအားအတူအိပ်ဖို့ခွင့်တောင်းလာသည်။

''နင်အခုတလောဘာတွေဖြစ်နေတာလဲသျှင်...ထူးဆန်းနေသလိူဘဲ''

''ငါအခူတလောဘာမှမဖြစ်ဘူး...ဒါပေမယ့်ငါဒီညနင်နဲ့အိပ်ချင်တယ်လွန်း...''

''နင်မနက်မမတိမ်တိုက်ကိုဘာလို့အဲလိုလုပ်ရတာလဲ''

လွန်းအမေးကိုသျှင်ကပြန်မဖြေပေ။

''နင်မဖြေဘူး..မမတိမ်တိုက်ကနင့်အပေါ်မှာမောင်အရင်းတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တာကိုနင်အဲလိုမလုပ်သင့်ဘူး''

''နင်အဲအကြောင်းထပ်ပြောမယ်ဆိုတာငါသွားတော့မယ်''

သျှင်ပြောပြီထွက်သွားဖို့လုပ်တော့''မမတိမ်တိုက်ကိုမုန်းနေတာလားသျှင်''

''........''

''လွန်းကိုတော့ဖြေပေးနိုင်တယ်မလား..''

''ငါမုန်းတာနင်နဲ့ဘာဆိုင်လို့လဲလွန်း...နင်နဲ့မဆိုင်တာကို၀င်မပါစမ်းနဲ့..တိမ်တိုက်နဲ့ငါနဲ့ကိစ္စကိုနင်၀င်စွက်ဖက်စရာမလိူဘူး''

''နောက်ဆုံးတော့နင်ကငါ့ကိုဘေးလူတစ်ယောက်လိုသဘောထားနေတာဘဲ..သျှင်နင့်ရင်ထဲမှာငါရှိသေးရဲ့လားဟင်..နင်နဲ့မဆိုင်ဘူးပြောနေတာကငါကိုနာကျင်စေတယ်သျှင်''

ဇိုင်းသူမငိူနေတာကိုမကြည့်ရက်တာကြောင့်''ငါအိပ်တော့မယ်လွန်း..''

''နေအုန်း..နင်ငါ့ကိုအဖြေမပေးရသေးဘူးသျှင်''

''ကျစ်!!!ဘာလဲဟာ...''သျှင်စိတ်တိုစွာနဲ့အော်လိုက်လေသည်။

''နင်ငါ့ကိုချစ်သေးလားဟင်''

''ဒီမှာလွန်းမင်းကငါ့ချစ်သူငါသိပ်ချစ်လို့လက်ထပ်ဖိူ့အထိရည်ရွယ်ထားတဲ့သူမင်းဒီထက်ပိုပြီးလိုချင်မက်မောလို့လည်းငါ့ဆီမှာမင်းကိုပေးဆပ်စရာမရှိဘူးလွန်း..အေးဒါပေမယ့်မင်းဒီထက်ပိုပြီးငါ့ကိုတွန်းအားပေးရင်တော့ငါနဲ့နင်ရဲ့ဇာတ်လမ်းဒီမှာတင်ပြီးပြီးဘဲ''

သျှင်ပြောပြီးမိမိအခန်းထဲကို၀င်သွားလေသည်။

''ဟာကွာ..ဒုန်း.ဘာလိူ့လွန်းကိုနာကျင်စေရတာလဲသျှင်မဟာ..မင်းကလူမဟုတ်ဘူးနတ်ဆိုး..လွန်းအတွက်မင်းကနတ်ဆိုးဘဲကွာ..ဒုန်း..ဒုန်း..ဒုန်း''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာМесто, где живут истории. Откройте их для себя