ချစ်ခြင်းမဲ့အမုန်းသစ္စာ(part64)

43 8 0
                                    

အလောင်းတွေထားထဲရင်ခွဲရုံတွင်.

''ခင် ကိုတကယ်မယုံနိုင်ဘူး...မင်းအခုလိုကို့ကိုထားသွားခဲ့တယ်...ကိုမယုံနိုင်ဘူး...မင်းဘာလို့အခုလိုဖြစ်ရတာလဲခင်!!!''

ဒိဿရအ၀တ်စဖြူနဲ့အုပ်ထားသောခင်သစ္စာရဲ့အလောင်းကိုဖက်ကာငိုကြွေးရင်း''ကိုကျိန်ဆိုတယ်ခင့်ကိုသတ်ခဲ့တဲ့ကောင်ကိုကိုမြေလှန်ရှာပြီးသတ်မယ်...သတ်မယ်!!!''

ဦးသောတမင်းသမီးငယ်စျေပနပြီးသည်နှင့်မြို့ထဲကဦးလရောင်တည်းသောဟိုတယ်ဆီသိူ့တပည့်တွေနဲ့ရောက်လာခဲ့လေသည်။

''ဦးလရောင်ရဲ့အခန်းထဲကပစ္စည်းတွေမှန်သမျှအကုန်ငါ့ဆီကိုယူလာခဲ့...''

''ဟုတ်ကဲ့သူဌေး...''

ဦးလရောင်နဲ့ခင်သစ္စာနှိုင်းပတ်သက်မှုတော့ရှိလိမ့်မည်။

ခနအကြာတော့တပည့်ဖြစ်သူများပြန်ရောက်လာလေသည်။

''သူဌေးဦးလရောင်ရဲ့အခန်းထဲမှာဘာပစ္စည်ူမှမတွေ့ပါဘူး...''

''ဘာကွ..မင်းတို့သေချာရှာလား..''

''ဟုတ်ကဲ့အခန်းထဲမှာဘာပစ္စည်းမှကိုမရှိတော့တာပါ''

''သူဌေးဦးလရောင်ရဲ့ပစ္စည်းတွေကိုကျနော်တို့ထက်အရင်လက်ဦးမှုယူတဲ့သူတွေရှိနေမယ်ထင်တယ်...''

''တောက်!!!...ပြန်ကြမယ်...''

ဆိပ်ကမ်းကစခန်းမှာတော့

''အဲဒီပစ္စည်းတွေကိုအကုန်မီးရှို့ပစ်လိုက်!!''

''ဟုတ်ကဲ့ခေါင်းဆောင်...''

လွန်းနွေမောင့်ဆီသို့ရောက်လာပြီး''ကိုနွေမောင်...ဒါတွေကဘာတွေလဲဘာလို့မီးရှို့နေရတာလဲ''

''ဇိုင်းအတွက်ပါ..ရဲတွေညတုန်းကမှုခင်းဖြစ်တဲ့နေရာကိုရောက်လာခဲ့တယ်...တရားခံကိုအချိန်မရွေးရှာဖွေနိုင်တယ်...တကယ်လို့ဇိုင်းကိုတရားခံအဖြစ်သက်သေတွေ့ခဲ့ရင်ဦးသောတမင်းတို့ထောင်ချောက်ဆင်ပြီးဇိုင်းကိုဖမ်းလိမ့်မယ်...''

''ဦးသောတမင်းတို့ကအဲလောက်ထိလုပ်မှာလား''

''မမလေး..ဦးသောတမင်းကဇိုင်းမိဘတွေကိုသတ်ခဲ့တဲ့လူတစ်ယောက်ဇိုင်းကိုလည်းမသတ်နိုင်ဘူးလို့မပြောနိုင်ဘူး...အခုချိန်မှာဇိုင်းအသက်ကအရေးကြီးဆုံးဘဲ...ရဲတွေသက်သေအားလုံးမရခင်ဖျက်ဆီးပစ်တာပိုကောင်းတယ်...မမလေးအခုတလောဒီမှာဘဲနေပါ...အခြေအနေတွေကလှုပ်ရှားနေတယ်...ရဲတွေရောဦးသောတမင်းရဲ့လူတွေရောအခုချိန်မြို့အနှံ့မှာရှိနေကြတယ်...''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now