ချစ်ခြင်းမဲ့အမုန်းသစ္စာ(part44)

41 7 0
                                    

''သခင်ကြီး..ကျနော်တို့''

ဦးတော်၀င်သတင်းကြားကြားချင်းပြန်ရောက်လာခဲ့တော့ဆီးကြိုတဲ့အစောင့်ဖြစ်သူရဲ့မျက်နှာတည့်တည့်ကိုဆွဲထိုးလိုက်လေသည်။

''တောက်သုံးမကျတဲ့ကောင်တွေ..မင်းတို့ကိုငါလေ့ကျင့်ပြီးခန့်အပ်ထားတာနဲ့မတန်ဘူး...''

''သခင်ကြီးကျနော်တို့သခင်မကြီးကိုကာကွယ်ပေးဖို့ကြိုးစားပါတယ်ဒါပေမယ့်ဘယ်ကမှန်းမသိရောက်လာတဲ့ကားနက်တစ်စီးကသခင်မကြီးတို့ကိုခေါ်တင်သွားပါတယ်''

စစ်ဦးတော်၀င်အား''သခင်ကြီးဒီကိစ္စကသခင်မကြီးကိုခေါ်သွားပြီးသခင်ကြီးကိုစိန်ခေါ်တဲ့သဘောဘဲ...''

''ငါနဲ့ရန်ငြိုးရှိတာဆိုလို့ရွှေအောင်မင်းဘဲရှိတယ်...ငါ့မိန်းမကိုသူ့လူတွေခေါ်သွားတာဖြစ်မယ်..တောက်!!!!''

အခန်းကျဥ်းတစ်ခုထဲတွင်မီးရောင်မှိန်ပြပြအောက်ကထိုင်ခုံတစ်လုံးတွင်ကြိုးနဲ့ချည်နှောင်ခံထားရသောအမျိုးသမီးတစ်ဦး

ချပ်!!!

''သခင်ကြီး..ကျနော်တို့တာ၀န်တွေကိုဆောင်ရွက်ပြီးပါပြီး''

''အင်း..ပိုးမြချစ်ဘယ်မှာလဲ''

''အောက်ထပ်ကအခန်းမှာချုပ်ထားပါတယ်သခင်ကြီး''

''သွားမယ်''

အောက်ထပ်ကအခန်းထဲမှာတော့''ဘယ်သူရှိကြလဲ..ကျမကိုလွှတ်ပေးကြပါ..''

''ပိုးမြချစ်...မတွေ့ရတာကြာတော့မင်းပိုလှလာတယ်...''

အခန်းတံခါးဖွင့်ကာ၀င်လာသောလူများထဲမှခေါင်းဆောင်ဖြစ်ဟန်သူသောလူကသူမအားပြောလာသည်။

''ရှင်ဘယ်သူလဲ...ဘာလို့ကျမကိုဖမ်းထားတာလဲကျမတို့ကြားမှာရန်ငြိုးရှိလို့လာ''

''ဟားဟားဟား..ဒေါ်ပိုးမြချစ်..ခဗျားတကယ်ဘဲကျနော့်ကိုမမှတ်မိဘူးလား..တစ်ချိန်တုန်းကမင်းရဲ့အလှတရားမှာနစ်မျောခဲ့တဲ့ရွှေတိုက်မင်းကိုမင်းသိတယ်မလား''

''ရွှေတိုက်မင်း..ဟင်ရှင်က...''

''မင်းသိမှာပါငါဘယ်သူလဲဆိုတာ..ဟားဟားဟား''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now