ချစ်ခြင်းမဲ့အမုန်းသစ္စာ(part49)

49 7 0
                                    

အပေါ်ထပ်ကနေအ၀တ်စားလဲပြီးဆင်းလာသောဇိုင်းကြောင့်လွန်းမျက်မှောင်ကျုံ့သွားလေသည်။

''ဇိုင်း..ဘယ်သွားဖို့လဲ''မျက်နှာတည်နဲ့မေးလာသောချစ်ရသူကြောင့်ဇိုင်းပြုံးလိုက်သည်။လွန်းအခုတလောဇိုင်းအားမျက်စိအောက်ကအပျောက်မခံနိုင်တာဇိုင်းသိသည်။သူမမျက်နှာတည်နေပြီးဆိုကတည်းကသူမအလိုမကျတော့ဘူးဆိုတာဇိုင်းခန့်မှန်းမိသည်။

ဇိုင်းသူမအား''ကိုနွေမောင်နဲ့ချိန်းထားလို့ပါလွန်းရယ်..ကိုစောစောပြန်လာခဲ့မယ်လေနော်''

''လွန်းမသိတာတစ်ခုခုလုပ်မလို့လားဇိုင်း..''

''မဟုတ်...မဟုတ်ပါဘူးလွန်းရဲ့ကိုနွေမောင်နဲ့မတွေ့ဖြစ်တာကြာပြီးလေ...ဒါကြောင့်ကိုသွားတွေ့မလို့ပါ...ခနလေးပါဘဲနွေမောင်ကအခုမှအားလို့တွေ့ရတာပါနော်လွန်းနော်..ချစ်ဆုံးနော်...''

(ချစ်ရသူရှေ့မှာတော့ကလေးတစ်ယောက်လိုချစ်တတ်သူကြီးဇိုင်း😁😁😁)

ရန်သူရှေ့မှာဆိုရင်ပုံစံမျိုးစုံနဲ့အပြုံးတုဖန်တီးတတ်သောဇိုင်း....

ကလေးတစ်ယောက်လိုခွင့်တောင်းနေသောဇိုင်းအားလွန်းမငြင်းရက်ပေ။...

''ဘယ်ချိန်ပြန်လာမှာလဲ😒😒😒''

''ခနလေးပါဘဲ..၂နာရီလောက်ရတယ်မလားအချိန်၂နာရီဘဲလေနော်😞😞😞''

''ပြီးရော၂နာရီနော်အဲချိန်ပြန်လာခဲ့...နောက်ကျရင်လာမချော့နဲ့စိတ်ဆိုးမှာ😡😡😡''

''😁😁😁စိတ်ချချစ်ကိုသေချာပေါက်အချိန်မှီပြန်လာခဲ့မယ်...😘😘မွသွားပြီးနော်ချစ်လေး''
ဇိုင်းလွန်းပါးလေးအားနမ်းရှိုက်ပြီးနောက်အိမ်ထဲမှထွက်သွားလေသည်။

ဇိုင်းမောင်းထွက်သွားသောကားကိုလွန်းကြည့်ပြီးနောက်အိမ်ထဲသို့ပြန်၀င်လာခဲ့လေသည်။

နွေမောင်ချိန်းဆိုသောစားသောက်ဆိုင်သို့ဇိုင်းရောက်လာခဲ့လေသည်။

နွေမောင်အရေးကြီးကိစ္စပြောစရာရှိသည်ဟုဇိုင်းအားဖုန်းဆက်လာသည်။

စားသောက်ဆိုင်ထဲ၀င်လာတော့နွေမောင်ကသူ့အားမြင်သည်ထင်..လက်ထောင်ပြလိိုက်လေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now