ချစ်ခြင်းမဲ့အမုန်းသစ္စာ(part15)

54 7 0
                                    

ဇိုင်းအခန်းထဲကိုရောက်တော့နန်းကကုတင်ပေါ်မှာဇိုင်းမျက်ရည်များနဲ့စိုက်ကြည့်လာသည်။

''ဇိုင်း...''ဇိုင်းရင်ခွင်ထဲကိုတိုး၀င်ကာတင်းကြပ်စွာပွေ့ဖက်လာသောနန်းအားဇိုင်းပြန်လည်ပွေ့ဖက်ရင်းသူမဆံနွယ်များကိုနမ်းရှိုက်လိုက်လေသည်။

''ဇိုင်းနန်းကိုတကယ်ဘဲထားသွားတော့မှာလားဟင်...ဇိုင်းနန်းကိုမထားခဲ့ပါနဲ့.အင့်ဟင့်.ဟင့်''

''ကျနော်နန်းကိုဘယ်တော့မှထားမသွားဘူးနော်''

*ငါ့အစီစဥ်တွေမအောင်မြင်သရွေ့တော့မင်းကငါ့သားကောင်ဘဲရွှေမြနန်းမောင်...*

''ဇိုင်းနန်းကိုထားသွားရင်နန်းသေလိမ့်မယ်..နန်းကိုထားမသွားပါနဲ့နော်ဇိုင်း...''

သူမခေါင်းလေးကိုညင်သာစွာပွတ်သပ်ပေးရင်း''ကျနော်ရဲ့နန်းကစိုးရိမ်စိတ်တွေလွန်ကဲနေတာဘဲ..ဇိုင်းဆိုတဲ့ကောင်ကဟောဒီကနန်းကိုဘယ်တော့မှထားမသွားဘူးစိတ်ချ...''

''နန်းဇိုင်းကိုအရမ်းချစ်တယ်ဇိုင်း...''

သူတို့၂ဦးသားရဲ့နှုတ်ခမ်းတို့ဟာထပ်တူကျသွားခဲ့လေသည်။

အခန်းတံခါး၀မှာတော့မျက်ရည်များနဲ့နမ်းနေကြတဲ့သူတို့၂ယောက်ကိုကြည့်နေခဲ့လေသည်။

*ရက်စက်လိုက်တာသျှင်ရယ်..နင်ငါ့အပေါ်မှာအချစ်တွေလျော့နေခဲ့တာသူမကြောင့်လား...ငါ့မှာတော့နင့်ကိုချစ်လိုက်ရတာနင်ကအခုလိုငါ့ကွယ်ရာမှာမိန်းမတစ်ယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေခဲ့တာပေါ့..ငါရင်နာလိုက်တာဟာ*

သိပ်ချစ်ရသူဆီကိုသွားခဲ့ပေမယ့်ရင်နာနာနဲ့လှည့်ပြန်လာခဲ့ရသည်။

''ပြွတ်..အွန်း..ဇိုင်းနေပါအုန်း...''

''ကျနော်နန်းကိုဒီနေ့အပိုင်လိုချင်တယ်နန်းကျနော့်ကိုချစ်ခွင့်ပေးမလားဟင်...''

''ဇိုင်းရယ်..ဇိုင်းတောင်းဆိုမှုကိုနန်းဘယ်တုန်းကငြင်းဖူးလို့လဲ..အခုဇိုင်းနန်းကိုလိုချင်ရင်တောင်နန်းကြည်ဖြူပြီးသားပါ...''

နန်းရဲ့စကားကြောင့်ဇိုင်းဟာသူ့ရဲ့နှုတ်ခမ်းတို့အားကွေ့တက်သွားသည်အထိပြုံးလိုက်လေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now