ချစ်ခြင်းမဲ့အမုန်းသစ္စာ(part38)

48 8 0
                                    

ဟယ်လို

''အကိုဘာပြောတယ်...လင်းလင်းဆုံးပြီး..ဟုတ်လား...''

''.......''

''စိတ်ချပါ...ကျနော်ဇိုင်းကိုဒီအကြောင်းမပြောဘူး...''

ယောဠိကိုမဟာနဲ့စကားပြောပြီးအခန်းထဲမှထွက်လာခဲ့လေသည်။

''ဇိုင်းအစောကြီးနိုးနေတာလား''

''ဦးငယ်ဒီနေ့ဘယ်သွားဖို့ရှိလဲ''

''ဒီနေ့အလုပ်ရှိတယ်လေ..အလုပ်သွားရမှာပေါ့''

''အဲဆိုကျနော်ကားယူသူံးချင်တယ်''

''မင်းကဒီမှာမောင်းရဲလို့လား''

ဇိုင်းကဦးငယ်စကားကြောင့်မျက်ခုံးပင့်လိုက်လေသည်။ဦးငယ်ကအထင်သေးနေတာဘဲဇိုင်းကလုပ်ချင်တဲ့အရာဆိုသင်ယူဖို့မလိုဘူးစိတ်ပါ၀င်စားရင်ရပြီးလေ

''ဦးငယ်ကျနော့်ကိုအထင်သေးနေတာလား..ဇိုင်းဆိုတဲ့ကောင်ကအချဥ်မဟုတ်ဘူးဦးငယ်တို့နိုင်ငံမှာမောင်းတာဘဲမြန်မာနိုင်ငံနဲ့ဆိုလမ်းကြောင်းပြောင်းပြန်ဖြစ်တာကလွဲပြီးကျန်တာအဆင်ပြေပါတယ်...''

''ဇိုင်းမောင်းချင်တယ်ဆိုဂိုထောင်မှဦးငယ်ရဲ့ပြိုင်ကားရှိတယ်...''

''ကောင်းတာပေါ့ဒီရောက်တုန်းUKရဲ့အလှတရားတွေကိုပြိုင်ကားနဲ့ကြည့်ရတာပေါ့..''

''ကားကိုဂရုစိုက်မောင်းရမယ်နော်ဇိုင်း..ဦးငယ်ကိုစိတ်ပူအောင်မလုပ်နဲ့..''

''အေးဆေးပေါ့ဦးငယ်ရာ..ကျနော်သွားတော့မယ်...''

ယောဠိအားနှုတ်ဆက်ပြီးထွက်သွားဇိုင်းကျောပြင်ကိုငေးကြည့်ရင်း*ဇိုင်း...မင်းဘ၀ကိုကောင်းမွန်စွာဖြတ်သန်းသင့်ပြီး..*

''မာမီတုတုဒီနေ့အပြင်ကိုသွားမယ်နော်''

''သမီးတု..အပြင်သွားရင်သေချာဂရုစိုက်နော်မာမီစိတ်ပူရအောင်မလုပ်နဲ့နော်...''

''yes မာမီ''

ဇိုင်းပြိုင်ကားကိုမြို့ပတ်မောင်းရင်းနေ့လည်ထမင်းစားချိန်ကိုတောင်ရောက်လာခဲ့လေသည်။

''နေ့လည်ကိုတောင်ရောက်နေပြီး..တနေရာမှာနေ့လည်စာ၀င်စားမှဘဲ..''ဇိုင်းကားကိုစားသောက်ဆိုင်တစ်ခုမှရပ်လိုက်လေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now