ချစ်ခြင်းမဲ့အမုန်းသစ္စာ(part50)

48 7 0
                                    

''ကိုသာဏီကျနော်သူတကယ်ဘဲသမီးလွန်းနဲ့အတူရှိနေတာလား''

အိမ်ထဲကို၀င်လာချင်းမေးလာသောယောဠိကိုသာဏီကြည့်လိုက်လေသည်။

ဒီမှာရှိနေတဲ့နှိုင်းနဲ့ပိုးကိုတော့သူစိတ်ပူဖို့မရှိနယ်မှာရောက်နေတဲ့ဇိုင်းကိုတော့အတော်စိတ်ပူတတ်သည်။တစ်ချိန်လုံးဇိုင်းအဆင်ပြေလားအဲမှာရှိတယ်ဆိုတာသေချာလားဒါဘဲမေးနေသည်။

''ယောဠိရယ်ငါမင်းကိုဖြေခဲ့ပေါင်းလည်းများပြီး..မင်းသူငါသူမနဲ့အတူရှိနေတယ်စိတ်မပူနဲ့..''

''ဇိုင်းအဲမှာနေနေတာ၂လရှိပြီးလေပြန်မလာတော့ဘူးလား''

''အဲဒါတော့မင်းသူကိုဖုန်းဆက်မေးကြည့်လိုက်...ငါတော့မင်းသူစိတ်ကိုမဖတ်တတ်လို့မသိဘူးဟျောင့်ရေ''

ဦးသာဏီမောင်ထိုသို့ပြောပြီးခြံထဲသို့ဆင်းသွားလေသည်။

ယောဠိသူဖြစ်သူဇိုင်းကိုဖုန်းဆက်လိုက်လေသည်။

ဇိုင်းဒီနေ့မြို့ကိုပြန်လာခဲ့လေသည်။

လွန်းကိုတော့မနည်းချော့ပြောပြီးခေါ်လာခဲ့ရလေသည်။

လွန်းကတော့အိမ်ကိုမပြန်ဘူးဟုပြောနေတာကြောင့်ဇိုင်းအိမ်မှာနေရမယ်ပြောမှလိုက်မည်..ဇိုင်းကားမောင်းနေရင်းဖုန်းမြည်လာတာကြောင့်ကြည့်လိုက်တော့ဦးငယ်ဆီကပင်

''ဟယ်လိုဦးငယ်''

''ဇိုင်းမင်းအခုဘယ်မှာလဲ''

''ကျနော်မြို့ကိုပြန်တဲ့လမ်းမှာဗျာ..ဘာဖြစ်လို့လဲဦးငယ်''

''ငါမင်းကိုစိတ်ပူနေတာ...မင်းအခုမြို့ကိုပြန်တက်လာပြီးလားး''

''ဟုတ်တယ်ဦးငယ်..လွန်းပါပါလာတယ်..''

''အေးအေးကားကိုဂရုစိုက်မောင်းဦးငယ်မျှော်နေမယ်..''

''ဟုတ်ကဲ့ဦးငယ်''

တူ!!!

''ဇိုင်းရဲ့ဦးငယ်လား''

''ဟုတ်တယ်လွန်းရဲ့..ဦးငယ်ကကိုတို့ငယ်ငယ်လေးကတည်းကနိုင်ငံခြားကိုထွက်သွားခဲ့တာလေ..အခုတော့ပြန်ရောက်လာပြီး...''

''ဦးမောင်ပြောပြောနေတဲ့တစ်ယောက်ဖြစ်မယ်နာမည်ကထူးဆန်းနေတယ်ဘယ်လိုခေါ်လဲ..ကျစ်!!!..မေ့နေတာ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now