ချစ်ခြင်းမဲ့အမုန်းသစ္စာ(part9)

57 7 0
                                    

''သမီးလေးပြောတဲ့သျှင်မဟာမောင်ကကိုတော်၀င်ရဲ့သမီးများလား..''

''ဦးမောင်ကသိလို့လား''

''ဟသိတာပေါ့ဦးမောင်ရဲ့သူငယ်ချင်းဘဲဟာသိတာပေါ့လွန်းလေးမယုံဘူးဆိုရင်ကျောင်းပိတ်ရက်ကျရင်သူတို့အိမ်ကိုသွားလည်ကြမယ်လေ''

''ဟွန့်..သွားလည်တာတော့ဟူတ်ပါပြီးဦးမောင်ဒါပေမယ့်သျှင်ကသမီးကိုစိမ်းတယ်ကျောင်းမှာလဲစကားမပြောဘူးဒီတိုင်းဘဲစာဖတ်နေတာ...''လွန်းအပြောကြောင့်ဦးသာဏီမောင်တစ်ယောက်ရယ်လိုက်လေသည်။

''သမီးကသူနဲ့အခုမှပေါင်းဖူးတာဆိုတော့သူအကြောင်းဘယ်သိပါ့မလဲ..သျှင်လေးကအနေအေးတယ်ကွယ့်..သူ့ကိုကြည့်လိုက်ရင်အမြဲတမ်းစာအုပ်တစ်အုပ်နဲ့ဘဲ..''

''သူကအဂ်လိပ်စာဖတ်ရတာကြိုက်တာလားဟင်''

''ဟုတ်တာပေါ့သျှင်ကအဂ်လိပ်ပုံပြင်တွေနာမည်ကြီးအဂ်လိပ်စာရေးဆရာတွေရဲ့၀တ္ထုတွေကိုဖတ်ရတာသဘောကျတယ်...''

''သျှင်ကဘယ်လိုကလေးလဲမသိဘူးနော်ဦးမောင်''

''သျှင်ကနားလည်ရခက်တဲ့ကလေးဘဲသမီးရဲ့..ကဲကဲနောက်မှသျှင်အကြောင်းမေးတော့အခုညနေစာသွားစားကြမယ်''

လွန်းလေးအားပွေ့ချီကာညနေစာစားဖို့ထမင်းစားခန်းထဲကို၀င်လာခဲ့လေသည်။

.....

''သမီးတိမ်တိုက်နဲ့သမီးမြနန်းကျောင်းတက်ရတာအဆင်ပြေရဲ့လား..''

တော်၀င်အမေးကို၂ယောက်လုံးခေါင်းငြိမ့်ကာပြန်ဖြေကြလေသည်။

''ဟုတ်ကဲ့ပြေပါတယ်ဒယ်ဒီ...''

''သမီးတိမ်တိုက်ကဒီနှစ်၁၀တန်းပြီးရင်သျှင်လေးကိုစာပြပေးလိူ့ရမလား..သျှင်လေးကသမီးစကားဆိုနားထောင်တယ်ကြားလို့ပါ...''

သျှင်မဟာမောင်နဲ့တိမ်တိုက်တို့ရဲ့ဆက်ဆံရေးကိုတော်၀င်သိထားပြီးပြီးသျှင်မဟာမောင်ကအခု၁တန်းတက်နေတာဆိုတော့တိမ်တိုက်နဲ့အဆင်ပြေမှာပါ...

''ဟုတ်ကဲ့တိမ်တိုက်အဆင်ပြေပါတယ်..သျှင်သာလက်ခံမယ်ဆိုတိမ်တိုက်သူ့ကိုစာသင်ပြပေးပါ့မယ်''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now