ချစ်ခြင်းမဲ့အမုန်းသစ္စာ(part30)

59 9 0
                                    

''ကိုကြီးဖမ်းခံထိတာ၀ါနဲ့ဘာဆိုင်လဲဦးလေး''
သခင်ကြီးရဲ့လူယုံဦးထူးခန့်က၀ါမြန်မာပြည်ပြန်ရောက်ရောက်ချင်းကိုကြီးအကြောင်းပြောလာသည်။၀ါနဲ့ဘာဆိုင်လဲကိုကြီးကသူ့အပြစ်သူခံရတာဘဲလေ..ဇိုင်းနဲ့ကိုကြီးရဲ့ပြသာနာကြားမှာ၀ါ၀င်မရှုပ်ချင်ပေ။

''၀ါ..အခုဖမ်းခံရတာမင်းအကိုအရင်းနော်..မင်းဘာလို့အခုလိုသွေးအေးနေရတာလဲ...''

''၀ါသွေးအေးတာမဟုတ်ဘူးဦးခန့်..၀ါနဲ့မဆိုင်တဲ့ကိစ္စကို၀င်မရှုပ်ချင်ရုံပါ..''

''ဇိုင်းဆိုတဲ့ကောင်ကမင်းနဲ့ပတ်သက်နေလို့မှောင်ခွင်းဖမ်းခံထားရတာ..ငါ့မသိဘူးမထင်နဲ့၀ါ..''

''ဦးခန့်က၀ါ့ကိုအပြစ်ပုံချနေတာဘဲဇိုင်းနဲ့၀ါကလင်မယားတွေလေ၀ါ့ရဲ့မိသားစုအကြောင်းကိုတော့ခင်ပွန်းဖြစ်တဲ့ဇိုင်းကိုတော့ပြောပြထားသင့်တယ်မလား''

''တောက်!!..ဒီကိစ္စသာသခင်ကြီးသိရင်မင်းတော့လွတ်လမ်းမရှိတော့ဘူး၀င့်၀ါလွန်းထည်''ဦးခန့်ကဒေါသတကြီးပြောနေပေမယ့်၀ါကတော့အေးဆေးပင်

ဇိုင်းဆိုတာ၀ါ့ဘ၀အတွက်အရေးကြီးဆုံးဘဲကိုကြီး..ကိုကြီးရဲ့အသက်ကိုဇိုင်းနဲ့လဲပေးရမယ်ဆိုရင်တောင်၀ါတွ့န်ဆုတ်နေမှာမဟုတ်ဘူး..

''မမလေး၀ါ...ကျနော်တို့လမ်းရှင်းထားပြီးပြီး''

''ကောင်းပြီးသွားကြတာပေါ့ဒီနေ့ရွှေမြနန်းမောင်ရဲ့သေနေ့ဘဲ..ဟားဟားဟား''

ဇိုင်းဆေးရုံကဆင်းပြီးတစ်ပတ်ကြာသည်အထိအိမ်မှာခြေချုပ်မိနေလေသည်။

အကြောင်းမှာဦးတော်၀င်မဟာရဲ့အမိန့်ကြောင့်ပင်...

''နန်းကျနော်အပြင်ခနသွားမလို့ဒယ်ဒီ့ကိုပြောပေးပါကွာ''

''နန်းဇိုင်းကိုကူညီချင်ပါတယ်ဒယ်ဒီစကားကိုနန်းမလွန်ဆန်နိုင်ဘူး...''

''နန်းရာ...ကျစ်..တော်ပြီးဘာမှမပြောတော့ဘူး''

ဇိုင်းပြောလို့မရတာကြောင့်စိတ်တိုတိုနဲ့အိမ်ပေါ်တက်လာခဲ့လေသည်။

''ဇိုင်း...မင်းအပြင်ထွက်ချင်နေတာလား...''

သစ္စာကအပေါ်တက်လာသောဇိုင်းအားအခန်းထဲကနေထွက်လာပြီးမေးလိုက်လေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now