ချစ်ခြင်းမဲ့အမုန်းသစ္စာ(part32)

44 9 0
                                    

ဒိထိုအိမ်ရှေ့ကိုရောက်တော့ခင့်အားဖုန်းပြန်ခေါ်လိုက်လေသည်။

''ဟယ်လိုခင်..ကိုအိမ်ရှေ့ရောက်နေပြီး..''

''အင်းစောင့်နေကျမလာခဲ့မယ်..''

phချသွားသောအခါ''ဘယ်သူလဲမမ''

''ဟိုရောက်ရင်မင်းသိလိမ့်မယ်ဇိုင်း''

အိမ်ရှေ့ကိုရောက်တော့ကားတစ်စီးကသူတို့ခြံရှေ့မှာပိတ်ရပ်ထားတာကိုတွေ့ရလေသည်။

''မမပြောတဲ့လူလား''

''အင်း..ဇိုင်း...တို့တွေဆင်းရအောင်''သစ္စာတို့ကားပေါ်ကနေဆင်းလာသောတဖက်ကားကနေဒိဿရလည်းဆင်းလာလေသည်။

''ခင်..''

''ကိုဒိဿရကျမမိတ်ဆက်ပေးဖို့လူရှိတယ်..ဒါကဇိုင်းကျမရဲ့ချစ်သူ..မောင်ဒါကသစ္စာသူဌေးရဲ့သူနာမည်ကဒိဿရတဲ့...''

ဒိခင့်စကားကြောင့်ခင့်ဘေးနားကလူကိုကြည့်လိုက်လေသည်။ရုပ်ရည်ကတော့ပြောစရာမလိုပင်..ခင်ကသူ့ကြောင့်ဒီကိုရောက်လာခဲ့တာလား..

''ခင်ရဲ့ချစ်သူဟူတ်လား..ကိုမယုံဘူး..''

''ကိုဒိဿရကျမရှင့်ကိုလိမ်နေတယ်လို့ထင်နေတာလား...ကျမဒီကိုရောက်လာတာမောင့်ကြောင့်ဆိုတာရှင်သိသင့်တယ်..''

ဇိုင်းအခြေအနေကိုသေချာအကဲခတ်နေသည်။ခင်သစ္စာသူမဘာဖြစ်ချင်နေတာလဲဆိုတာဇိုင်းသိချင်မိသည်။

''မမ...သူကမမရဲ့အလုပ်ရှင်လား..''

''ဟုတ်တယ်မောင်..''

''တွေ့ရတာ၀မ်းသာပါတယ်ဇိုင်းပါ..''

''ဒိဿရပါ..ခင်ကိုနဲ့ပြန်လိုက်ခဲ့ပါcompanyကမင်းကိုလိုအပ်နေတယ်''

''ကျမဒီလအတွက်သရုပ်ဆောင်တာနားထားတယ်ကိုဒိဿရရှင်တခြားမော်ဒယ်တစ်ယောက်ကိုငှားလိုက်ပါ..''

''ခင်!!!မင်းကကိုတို့companyရဲ့အဓိကမော်ဒယ်တစ်ဦးနော်..မင်းဒီလိုတော့မပြောသင့်ဘူးခင်..''

''ကျမဒီကိုလာမယ်ဆိုတာဦးသောတသိတယ်..ဦးသောတကိုယ်တိုင်ကျမကိုခွင့်ပေးခဲ့တာဘဲလေကိုဒိဿရဘာများမကျေနပ်စရာရှိလဲ''

ဇိုင်းကတော့အေးဆေးပင်သူတို့၂ယောက်ကိုကြည့်နေခဲ့သည်။ဒီပြသာနာကကိုယ်နဲ့မဆိုင်တာကိုဘာလို့၀င်ရှုပ်မှာလဲ...

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now