ချစ်ခြင်းမဲ့အမုန်းသစ္စာ(part70)Final

181 9 0
                                    

၆နှစ်ခန့်ကြာသော်

Royal companyရဲ့လုပ်ငန်းများဟာလည်းယခင်ကထက်ပိုမိုတိုးတက်လာခဲ့ပြီးလုပ်ငန်းခွဲတွေပါတည်ရှိလာခဲ့သည်။

Royal company ၏ ceoဖြစ်သောကိုသျှင်မဟာမောင်ကကျန်းမာရေးကြောင့်အနားယူထားလေသည်။အခုဒုceoဖြစ်သောနှိုင်းမဟာကယာယီဦးဆောင်ပေးလေသည်။

ဦးယောဠိပေလွှာကတော့လွန်ခဲ့တဲ့၃နှစ်ကပင်အခြေအနေတွေတည်ငြိမ်သွားပြီးဖြစ်တာကြောင့်UKကသူ့မိသားစုရှိရာသို့ပြန်သွားလေသည်။

အိမ်တော်ရဲ့ပန်းခြံလေးထဲတွင်တော့

wheel chairပေါ်တွင်ထိုင်နေသောလူတစ်ယောက်နဲ့ထိုလူ့ဘေးနားမှာဆော့ကစားနေသောကလေး၂ယောက်ပင်...

''ခ်ခ်ခ်..ကိုကို..သားကိုမိအောင်ဖမ်းလေ...''

မြတ်မင်းမဟာကသူ့အကိုမင်းဘုန်းမဟာကို
စနောက်ကာဇိုင်းဘေးနားမှာပတ်ပြေးနေလေသည်။

ဇိုင်းကတော့ပြုံးနေသည်တစ်စုံတစ်ရာတော့မပြောခဲ့ပေ။

''သားဘုန်းနဲ့သားမြတ်ဆော့နေတာမမောဘူးလား...သားဖေဖေတော့ခေါင်းမူးနေပြီး''

''သားတို့မမောပါဘူး..ဖေဖေ့အနားမှာဆော့ရတာပျော်တယ်...''

''ဇိုင်းပြုံးနေမိသည်...''

လွန်းချစ်ရဲ့ခင်ပွန်းဆီကိုလျှောက်လာပြီးမြက်ခင်းပေါ်ဒူးကွေးချကာချစ်ရသူရဲ့မျက်နှာကိုလက်တစ်ဖက်နဲ့ကိုင်တွယ်ရင်း''ကို..ဗိုက်ဆာပြီးလား..လွန်းထမင်းခူးပေးမယ်လေ..''

ဇိုင်းသိပ်ချစ်ရတဲ့ဇနီးချောလေးအားချစ်မ၀စွာကြည့်ပြီးသူမလက်ကလေးကိုဆုတ်ကိုင်ကာခေါင်းငြိမ့်ပြလေသည်။

''အဲဆိုလွန်းထမင်းခူးပေးမယ်နော်ကို..သားတို့လာသားဖေဖေဗိုက်ဆာနေပြီးတဲ့မေမေတို့ထမင်းခူးပေးရအောင်''

''ဟေးဖေဖေ့ကိုထမင်းခူးပေးမယ်...ညီလေးရေသွားကြမယ်...ဖေဖေသားတို့ဖေဖေ့အတွက်ထမင်းခူးလာပေးမယ်နော်...''

ဇိုင်းသားလေးတွေအားပြုံးပြလိုက်သည်။စကားတော့မပြောပါ။

လွန်းတို့သားအမိတွေအိမ်ဘက်ထွက်သွားတော့နွေမောင်ရောက်လာလေသည်။နွေမောင်ဇိုင်းရဲ့လုံခြုံရေးအတွက်မစ်လန်ကတာ၀န်ပေးထားခဲ့တာကြောင့်ဒီမှာအခြေကျနေတာ၅နှစ်ရှိလေပြီး...

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Apr 13 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာHikayelerin yaşadığı yer. Şimdi keşfedin