ချစ်ခြင်းမဲ့အမုန်းသစ္စာ(part43)

39 7 0
                                    

ဇိုင်းအိမ်ကိုပြန်ရောက်လာတော့ဦးငယ်နဲ့တီလေးကဧည့်ခန်းထဲမှာစကားပြောနေကြလေသည်။

ဇိုင်းတို့၀င်လာတာကိုမြင်တော့''ဟာဇိုင်းပြန်ရောက်လာပြီးလားသမီးလေးရော''တုတုဇိုင်းအနောက်ကနေထွက်လာပြီး''ဒယ်ဒီ...''

ယောဠိသမီးဖြစ်သူအား''သမီးလေးဒယ်ဒီ့သမီးလေး...''

တုတုဒယ်ဒီကိုရှာနေခဲ့တာကြာပြီးမာမီကဒယ်ဒီအကြောင်းလုံး၀မပြောဘူး..သေပြီးလို့ဘဲထင်နေခဲ့တာအခုတော့ဒယ်ဒီကတုတုရှေ့မှာ

''ဒယ်ဒီကိုတုတုအရမ်းလွမ်းနေတာ..ဒယ်ဒီသေပြီးလို့မာမီပြောခဲ့တာတုတုဒယ်ဒီသေပြီးဘဲထင်နေခဲ့တယ်အခုတော့ဒယ်ဒီကတုတုတို့ကိုထားမသွားဘူး...အင့်ဟင့်..ဟင့်..''

''မငိိုပါနဲ့သမီးလေးရယ်..ဒယ်ဒီတို့အခုဆုံတွေ့ကြရပြီးလေ...ဒယ်ဒီရယ်မာမီရယ်သမီးလေးရယ်အတူတူပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်နော်....''

''ဟုတ်ဒယ်ဒီ...''ယောဠိရင်ခွင်ထဲကသမီးလေးအားဖက်ထားရင်း''ဇိုင်း''

''ကျနော်အကုန်သိပြီးပါပြီး..တုတုကဦးငယ်သမီးဆိုတာဒီDNAကအဖြေပေးခဲ့တယ်လေ''ဇိုင်းဦးငယ်အားDNAစာရွက်ကိုပေးလိုက်လေသည်။

''ကျေးဇူးဘဲဇိုင်း...သမီးလေးကိုစောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်''

''ရပါတယ်ဗျာ..ကျနော့်ဦးငယ်ရဲ့သမီးဘဲကျနော့်ညီမလေးဘဲပေါ့...''

''ကိုညနေစာစားတော့မှာလား''

''အင်းစားမယ်လေ''

''ဒါဆိုမြင့်မိုရ်ညနေစာသွားပြင်ဆင်လိုက်တော့မယ်...''

''မာမီတုတုအတွက်အီတလီခေါက်ဆွဲလုပ်ပေးနော်''

''အင်းအင်းသမီးလေး''

''သမီးလေးကအီတလီခေါက်ဆွဲကြိုက်တာလား''

''ဟုတ်ကဲ့..တုတုကအီတလီအစားစာတွေဆိုပိုပြီးကြိုက်တယ်...''ယောဠိသူနဲ့တူသောသမီးလေးကိုကြည့်ရင်းပြုံးပြလိုက်သည်။

Beauty & Artist company

''ကိုရွှေအောင်မင်းကကျနော်နဲ့အတူပူးပေါင်းဖို့သဘောတူတယ်ပေါ့''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now