ချစ်ခြင်းမဲ့အမုန်းသစ္စာ(part40)

41 7 0
                                    

''ဟယ်လိုဒယ်ဒီနေကောင်းလား''

ဇိုင်းဖအေဖြစ်သူဆီကဖုန်းခေါ်လာတာကြောင့်ကိုင်လိုက်လေသည်။

''အင်းနေကောင်းတယ်သားသျှင်..သားUKမှာနေရတာအဆင်ပြေလား''

''အဆင်ပြေတယ်ဒယ်ဒီ..ဦးငယ်ကအစစအရာရာသေချာဂရုစိုက်ပေးတယ်...''

''သားအဆင်ပြေရင်ပြီးရောအဲမှာဘယ်လောက်ကြာကြာနေဖို့စိတ်ကူးထားလဲသျှင်''

''ကျနော်မပြောတတ်ဘူးဦးငယ်နဲ့နေရတာပျော်တော့ကြာမယ်ထင်ပါတယ်ဗျာ''

''သားကတော့အဲမှာပျော်နေသလောက်သမီးလွန်းကတော့နာကျင်နေရပြီး''

''လွန်း..လွန်းဘာဖြစ်လို့လဲဒယ်ဒီ''

''လွန်းလေးကမင်းအပေါ်မှာသံယောဇဥ်မပြတ်နိုင်သေးဘူးသားသျှင်..သားစေ့စပ်ပွဲကိုဖြတ်သိမ်းလိုက်တာလွန်းဒယ်ဒီဆီကိုရောက်လာခဲ့တယ်..သားဘာလို့စေ့စပ်ပွဲကိုဖျက်သိမ်းရတာလဲသူသိချင်တယ်တဲ့..ဒယ်ဒီကသားပြောတဲ့အတိုင်းပြန်ပြောလိုက်ပါတယ်သမီးကိုပျော်ရွှင်စေချင်လို့စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်တာ''

''လွန်းဘာပြောလဲဟင်ဒယ်ဒီ''ဇိုင်းသူမနဲ့ပတ်သက်ရင်အမြဲတမ်းစိတ်လှုပ်ရှားနေတတ်သည်။

''သမီးလွန်းကမျက်ရည်တွေကျနေခဲ့တယ်သျှင်..သူသားကိုချစ်သေးတယ်ထင်တယ်..လွန်းကသားကိုပြောခိုင်းတဲ့စကားရှိတယ်...သားအခုလိုလုပ်တာကသူ့ကိုနာကျင်စေတယ်တဲ့...''

''လွန်းကအဲလိုပြောခဲ့တယ်ပေါ့...ဘာလို့လဲလွန်းဘဲကျနော့်ကိုလမ်းခွဲစေခဲ့တာမလား..သူမဘာလို့ကျနော့်ကိုချစ်တယ်လို့ပြောခဲ့တာလဲ''

''သားသိချင်တယ်ဆိုရင်သမီးလွန်းနဲ့သေချာစကားပြောကြည့်ဖို့လိုတယ်...သားတို့ကြားမှာထင်မြင်မှုလွှဲမှားနေခဲ့တာဖြစ်မယ်သမီးလွန်းသားဘယ်မှာလဲမေးတာဒယ်ဒီသားကတိအတိုင်းမပြောပြခဲ့ဘူး.''

''ကျေးဇူးပါဒယ်ဒီကျနော့်ကိုအခုလိုကူညီပေးတဲ့အတွက်''

''ရပါတယ်သျှင်သားအဆင်ပြေဖို့လိုအပ်တယ်..ကဲဒါဆိူရင်ဒယ်ဒီနောက်မှပြန်ဆက်လိုက်မယ်သားမာမီခေါ်နေပြီးး''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now