ချစ်ခြင်းမဲ့အမုန်းသစ္စာ(part1)

126 12 0
                                    

ကြီးကျယ်ခမ်းနားလှသောမဂ်လာပွဲကြီးတစ်ခု၀ယ်

လူကုံထံအတိုင်းအ၀ိုင်းကအရာရှိများ၀န်ကြီးချုပ်များသူဌေးမိသားစုများပါ၀င်ဆင်နွှဲခဲ့ကြလေသည်။ထိုမဂ်လာပွဲကြီးဟာမြန်မာနိုင်ငံ၏ထိပ်သီးသူဌေးကြီးတွေဖြစ်ကြတဲ့(ကိုတော်၀င်မဟာ❤မပိုးမြချစ်)တို့၏မဂ်လာပွဲအခမ်းအနားပင်ဖြစ်လေသည်။

''ဟေးမဟာမင်းအတွက်ဂုဏ်ယူပါတယ်ဗျ...''

သူဌေးမင်းသာဏီမောင်ကဂုဏ်ပြုစကားပြောလေသည်။

''ကျေးဇူးပါကိုသာဏီ...မြဒါကကိုရဲ့ညီအကိုလိုခင်မင်ရတဲ့သူနာမည်ကကိုသာဏီမောင်တဲ့.''

မဂ်လာပွဲမှာမှဆုံဖြစ်သောကိုသာဏီမောင်နဲ့ဇနီးအားမိတ်ဆက်ပေးလိုက်လေသည်။
''အကိုရဲ့မိတ်ဆွေဆိုတော့မြရဲ့မိတ်ဆွေလိုပါဘဲလမ်းတွေ့ခေါ်ပြောနှုတ်ဆက်ပါနော်''

''ဟုတ်ကဲ့ပါဗျ...''

မဂ်လာပွဲမှာသတို့သားတော်၀င်မဟာရဲ့ညီယောဠိပေလွှာကသတို့သားအရံနေရာမှာမဂ်လာပွဲအတွက်ပါ၀င်ဆင်နွှဲပေးလေသည်။

ယောဠိတစ်ယောက်ပျော်ရွှင်နေကြတဲ့အကိုနဲ့မရီးဖြစ်သူကိုကြည့်ပြီး၀မ်းသာလို့မဆုံးဖြစ်နေမိသည်။အကိုကတော့သူသိပ်ချစ်ရသောမိန်းကလေးနဲ့လက်ဆက်နိုင်ခဲ့ပြီး...ကျနော်ကရောယောဠိဆိုတဲ့ကျနော့်မှာသိပ်ချစ်ရတဲ့မိန်းကလေးရှိတာပေါ့...သူမကအခုကျနော်ဘေးနားမှာလေ...မြင့်မိုရ်ယှဥ်ဆိုတဲ့သူမကကျနော့်ဘ၀အတွက်အောက်ဆီဂျင်လိုပါဘဲ

''ယောဠိ...''သူမဆီကတိုးညင်းစွာခေါ်လိုက်သောကြောင့်ယောဠိသူမဘက်သို့လှည့်ကာ

''ပြောလေမြင့်မိုရ်..''

''တကယ်လို့ဒီမဂ်လာပွဲကငါတို့အတွက်ဖြစ်ခဲ့မယ်ဆိုနင်ပျော်မလားဟင်''

''အတိုင်းမသိပျော်ရွှင်ရမှာပေါ့မြင့်မိုရ်ရယ်...မင်းကကို့ဘ၀အတွက်အရေးကြီးဆုံးနဲ့အချစ်ရဆုံးသောသူဘဲလေ...''ယောဠိရဲ့စကားတွေကြောင့်သူမပါးမို့မို့၂ဖက်လေးဟာစတော်ဘယ်ရီလိုနီရဲလာလေသည်။

ကျနော်သိပ်ချစ်ရတဲ့သူမကိုကျနော်တင့်တောင်းတင့်တယ်ထားနိုင်ဖို့အတွက်ကျနော်ကြိုးစားမှာပါ...

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now