ချစ်ခြင်းမဲ့အမုန်းသစ္စာ(part57)

47 8 0
                                    

ဇိုင်းအိမ်တော်ကိုပြန်ရောက်လာတော့လွန်းကအိမ်တော်ထဲမှထွက်လာပြီးဇိုင်းအားလာကြိုလေသည်။

''ဇိုင်းပြန်လာပြီးလား...ဒီနေ့နောက်ကျတယ်နော်..ဦးငယ်တောင်အစောကြီးပြန်ရောက်နေတာ''

''အင်းကိုအလုပ်တွေလေ့လာနေလို့ပါလွန်း...''

ဇိုင်းအပေါ်ထပ်ကမိမိအခန်းဆီသို့ဦးတည်သွားလေသည်။အခန်းထဲရောက်သည်နှင့်အပေါ်ထပ်ကိုချွတ်လိုက်လေသည်။

''ဇိုင်းငါရေနွေးစပ်ထားပေးတယ်...ခနနားပြီးရေချိုးလိုက်နော်...ငါနင့်အတွက်ညနေစာပြင်ဆင်ပေးမယ်''

''အင်း..''ဇိုင်းဖုန်းကိုထုတ်လိုက်တော့miss calledတွေတစ်တန်းကြီးကိုတွေ့ရလေသည်။

လင်းမြတ်မေ၀တီဆီကရောခင်သစ္စာနှိုင်းဆီကပါဖုန်းဆက်ထားတာတွေ့ရလေသည်။

''တော်တော်လေးစွဲလန်းနေကြတာဘဲ''

ဇိုင်းမေ့ဆီသို့ဖုန်းခေါ်လိုက်လေသည်။

မေဒီနေ့ရှော့ပင်းထွက်ဖို့စဥ်းစားထားပေမယ့်ဇိုင်းနဲ့မတွေ့ရတာကြောင့်သူမဘယ်မှသွားချင်စိတ်မရှိပေ။

ဇိုင်းရဲ့ဖုန်းကိုအခါခါခေါ်နေပေမယ့်ကိုင်သူမဲ့နလေသည်။

မေရေမိုးချိုးပြီးထွက်လာတော့ဖုန်းမြည်နေတာကိုတွေ့ရလေသည်။

ဇိုင်းဆီကပင်

မေဆူပုတ်ပုတ်နဲ့ကိုင်လိုက်လေသည်။

''ဟယ်လိုဇိုင်းမေမနက်ကဖုန်းခေါ်တာဘာလို့မကိုင်တာလဲ...မေရှင့်ကိုလွမ်းနေတာရှင်မသိဘူးလား''

''ကျနော်မအားလို့ပါမေ....''

''ဇိုင်းကဘာလုပ်နေရလို့လဲ''

''ကျနော်အလုပ်ကိစ္စနဲ့နည်းနည်းရှုပ်နေလို့ဒီနေမအားတာပါ...မေကျနော့်ဆီဖုန်းခေါ်ထားတာတွေ့လို့ပြန်ခေါ်လိုက်တာ...''

''ဟုတ်ပါပြီး..ဇိုင်းဒီညအားလား..မေတို့တွေ့ကြရအောင်''

''ကျနော်မအားဘူးမေ...ကျနော်အလုပ်တွေများနေတယ်...ပြီးတော့ပင်ပန်းတယ်ကျနော်နားချင်ပြီး...ဒါဘဲနော်''

တူ!!!

''ဟယ်လို...ဇိုင်း..ကျစ်..ဇိုင်းဘာလို့အခုတလောမေ့ကိုရှောင်နေတာလဲ...လွန်းနဲ့များချိန်းတွေ့နေတာလားဇိုင်း...မေသိပ်ချစ်ရတဲ့ဇိုင်ူကမေ့အပိုင်ဘဲဖြစ်လာစေရမယ်''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now