ချစ်ခြင်းမဲ့အမုန်းသစ္စာ(part66)

55 8 0
                                    

ဇိုင်းပစ်မှတ်ဖြစ်တဲ့ဒိဿရရှိရာအလောင်းကစားရုံဆီသို့ဦးတည်လာခဲ့လေသည်။

ဒီနေ့ပစ်မှတ်ကဒိဿရဆိုတဲ့ကောင်ပင်...

မနေ့ကသတင်းကြားခဲ့ရသည်။ဒုဥက္ကဌမုန်းစစ်မြေsuicideလုပ်ပြီးသတ်သေသွားသည်ဟု...ဒါတွေကဇိုင်းဖန်တီးတဲ့လုပ်ဇာတ်ဘဲလေ...

အလောင်းကစားရုံရှေ့သို့ရောက်သော်...

ဇိုင်းထင်မှတ်ထားသလိုဖြစ်လာလေသည်။ဦးသောတမင်းလူများဇိုင်းရောက်လာသည်နှင့်သေနတ်တွေနဲ့ချိန်ကာ''အဲမှာဘဲရပ်နေလိုက်!!!''

''ဟားဟားဟားဘယ်လိုလဲဇိုင်းမင်းလမ်းဆုံးသွားပြီးမဟုတ်လား..ဟားဟား...ဒီနေ့မင်းဒီကိုရောက်လာမယ်ဆိုတာငါကြိုသိနေတယ်...သေချာသွားတယ်မင်းဒီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်...''

''ဦးသောတမင်းကသားသေတာတောင်ရယ်နိုင်သေးတယ်နော်...ကြည့်ရတာခံစားမှုမရှိပုံဘဲ...ဟက်..ဒီနေ့ကျုပ်လမ်းဆုံးပြီးလို့ခဗျားပြောတယ်နော်...တကယ်တမ်းဘယ်သူကလမ်းဆုံးတာလဲဘယ်သူကအောင်နိုင်သူလဲဆိုတာ...ဖြောင်း...ဖြောင်း...ဖြောင်း...''ဇိုင်းလက်ခုပ်သုံးချက်တီးလိုက်တော့အလောင်းကစားရုံကနေထွက်လာတဲ့နွေမောင်နဲ့သူ၏တပည့်များလက်ထဲမှာဒိဿရပါလာလေသည်သို့သော်အသက်မရှိတော့ပေ။

''ဒိ...''

ဦးသောတမင်းတစ်ယောက်သူစီစဥ်ထားတဲ့အတိုင်းအကုန်လွဲမှားနေတာကြောင့်နဖူထက်မှချွေးများစီးကျလာလေသည်။

''ဘယ်လိုလဲဦးသောတမင်း...ခဗျားပြောတဲ့လမ်းဆုံးခြင်းဆိုတာဒါလား...ဟားဟားဟား...''

နွေမောင်ဒိဿရ၏အလောင်းကိုဦးသောတမင်းဆီသို့ပစ်ပေးလိုက်လေသည်။

ဇက်ချိုးခံရသောဒိဟာဦးသောတမင်းရှေ့မှာမှောက်လျက်ပင်

''ဇိုင်း...မင်းစီစဥ်ထားတာလား..''

''ကျနော်စီစဥ်ထားတာဦးသောတမင်းလောက်တော့မပြည့်စုံဘူး..ခဗျားမသိဘူးလား...ဒီလောင်းကစားရုံကဘယ်သူပိုင်တာလဲဆိုတာ...ဟက်!!မသိလို့ဖြစ်မယ်..ကျနော်ပြောပြမယ်ဒီလောင်းကစားရုံကဦးတော်၀င်မဟာပိုင်တဲ့အရာဘဲ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now