ချစ်ခြင်းမဲ့အမုန်းသစ္စာ(part6)

67 8 0
                                    

''ကိုရွှေတိုက်မင်း..ဖြန်း!!''

ရုတ်တရက်ရုံးခန်းထဲကို၀င်လာသောဇနီးဖြစ်သူနန်းတိမ်ရွှေလွှာ၏လက်ချက်ကသူ့ပါးပေါ်သို့ကျရောက်လာခဲ့လေသည်။

''နန်းဘယ်လိုဖြစ်ပြီးဒီကိုပြန်ရောက်လာတာလဲ''

''ဘယ်လိုဖြစ်ရမှာလဲရှင့်ရဲ့ဖောက်ပြန်နေတဲ့ကိစ္စတွေကြောင့်ပေါ့ဘယ်မှာလဲမယားငယ်မ...''

''ဒီမှာမင်းဘာတွေပြောနေတာလဲဘယ်ကမယားငယ်လဲမရှိပါဘူးမိန်းမရာ''

''ရှင်လိမ်လည်းကျမမှာသက်သေအပြည့်စုံရှိတယ်..ပိုးခက်ဟေသာဘယ်မှာလဲ...''

''ဒယ်ဒီမာမီကိုအမှန်တိုင်းပြောလိုက်တာပိုကောင်းမယ်..''ရွှေတိမ်တိုက်လွှာကပြောလာသည်။

''ဒယ်ဒီခြေလှမ်းတွေရှုပ်နေတာမာမီအကုန်သိထားပြီးပြီးဒယ်ဒီမယားငယ်မကိုသာထုတ်ပေးလိုက်ပါ..''ရွှေမြနန်းမောင်ကပါထပ်ပြောလာသည်။

မအေတူသမီးတွေဖြစ်တာကြောင့်ရွှေတိုက်မင်းဘာမှမတတ်နိုင်တော့ပေ။

''သားနေတော်၀င်နဲ့နှိုင်းမဟာတီလေးဆီလာပါအုန်း''ဟေသာခေါ်လိုက်တာကြောင့်သူလေး၂ယောက်ကဟေသာဆီကိုပြေးလာခဲ့လေသည်။

''တီလေးကအခုမှဘဲသားတို့ဆီလာတော့တယ်''

''တီလေးမအားသေးလိူ့ပါသားတို့ရယ်...''

ဒန်းလေးပေါ်မှာစာဖတ်သောသျှင်မဟာမောင်လေးကိုဟေသာတစ်ချက်ကြည့်လိုက်လေသည်။အသက်၅နှစ်ရှိပြီးဖြစ်သောသျှင်မဟာကတည်ငြိမ်ရင့်ကျက်နေလေသည်။

''သမီးသျှင်...တီလေးဆီလာပါအုန်း''

သျှင်မဟာမောင်ခေတ္တာမျှသာလှည့်ကြည့်ပြီးစာအုပ်ဆီသို့အာရုံလွှဲသွားလေသည်။

''တီလေးသျှင်မဟာစာဖတ်နေချိန်မှာသွားမနှောင့်ယှက်နဲ့သူကဒေါသကြီးတယ်စိတ်ဆတ်တယ်ဗျာကျနော်တို့၂ယောက်တောင်သူ့ကိုကြောက်ကြရတာဗျ...''နေတော်၀င်ဒီနှစ်ဆို၁၀အောင်ပြီးတက္ကသိုလ်တက်ရတော့မည်။

နှိုင်းလေးကအခုမှ၆တန်းပြီးလို့၇တန်းစတက်မည့်နှစ်ပင်...

လင်းလင်းလေးကတော့၅တန်းစတက်မယ့်နှစ်ပင်

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now