ချစ်ခြင်းမဲ့အမုန်းသစ္စာ(part28)

48 9 0
                                    

ဇိုင်းခွင်းအားထမ်းလာရင်းရေစပ်ကိုရောက်လာခဲ့လေသည်။အနောက်ကနွေမောင်တို့အဖွဲ့ကသူတို့လမ်းကိုသူတို့သွားလိမ့်မည်ဇိုင်းခွင်းအားမော်တော်ဘုတ်ပေါ်တင်ကာထိုနေရာကနေလီဘာတင်ကာမောင်းနှင်လာခဲ့လေသည်။

''ဟျောင့်တွေ့ဟိုမှာ..ပစ်ကြ''

ဒိုင်း..ဒိုင်း..ဒိုင်း..ဒိုင်း

သေနတ်သံများကကမ်းစပ်နားမှာတင်ဆူညံသွားလေသည်။ဇိုင်းထိုသေနတ်သံများကိုကြားတော့အရှိန်ကိုထပ်တင်လိုက်လေသည်။

စနိုက်ဘာသမားကမျှော်စင်ပေါ်ကနေဇိုင်း၏ခေါင်းကိုချိန်ရွယ်ထားလေသည်။

ဒိုင်း..

အာ့

ဇိုင်းပုခုံးကိုထိမှန်သွားသောကျည်ကြောင့်နာကျင်သွားရသည်။

''ဇိုင်းတက်လိုက်!!!''နွေမောင်တို့အဖွဲ့ကလှေပေါ်သို့တက်ခိုင်းလေသည်။ဇိုင်းအချိန်မဆွဲတော့ဘဲခွင်းအားထိုပေါ်သို့ပစ်တင်ပြီသူပါလိုက်တက်လာသည်။

''မောင်းတော့!!!''

ဒက်..ဒက်..ဒက်

နောက်ကနေလိုက်လာသောသဘော်များစွာမှစက်သေနတ်သံများဆူညံသွားလေသည်။

''မြန်မြန်မောင်း..ငါတို့ဒီပိုင်နက်ကနေလွတ်မြောက်မှဖြစ်မယ်...''

နွေမောင်တပည့်မျာကလည်းထို့သဘော်တွေဆီသို့ပြန်လည်ပစ်ခတ်လေသည်။

''ဆရာကျနော်တော့တော်တော်လေးစိတ်မရှည်တော့ဘူး..ပေးစမ်းငါ့ကို''လောင်ချာကိုပုခုံးပေါ်သို့ထမ်းတင်ပြီးအနောက်မှလိုက်လာသောသဘော်တစ်စိးကိုချိန်ပြီးပစ်လိုက်လေသည်။

ကျွီ!!!

အုန်း..၀ုန်း..

အနောက်ကသဘော်တစ်စင်းကတော့တစ်စဆီလွှင်းထွက်ပေါက်ကွဲသွားလေသည်။

''ဟားဟား..မိုက်လိုက်တဲ့မြင်ကွင်း..ဆရာကျနော်တော်တယ်မလား''နွေမောင်လက်မထောင်ပြလိုက်သည်။

ဇိုင်းကတော့လက်မောင်ဒဏ်ရာရထားတာကြောင့်မှိန်းနေလေသည်။

နွေမောင့်တပည့်များကလည်းဇိုင်း၏ဒဏ်ရာအားပတ်တီစည်းပေးဆေးထည့်ပေးလိုက်လုပ်ပေးလေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now