ချစ်ခြင်းမဲ့အမုန်းသစ္စာ(part21)

66 10 0
                                    

''လွန်းအခုနန်းပြောမယ့်ကိစ္စကိုသေချာနားထောင်စေချင်တယ်..''

လွန်းကိုတွေ့ချင်လို့အိမ်ထိရောက်လာသောမရွှေမြနန်းမောင်ကအရေးတကြီးပြောစရာရှိသည်ဟူပြောကာလွန်းအားလာတွေ့လေသည်။

''မမြနန်းပြောပါလွန်းသေချာနားထောင်ပေးပါ့မယ်''

''တို့မှာဇိုင်းနဲ့ရတဲ့ကိုယ်၀န်ရှိနေပြီး''

ခွမ်း!!!

ဒေါ်ရွှေမြနှင်းတစ်ယောက်ဧည့်သည်အတွက်ကော်ဖီဖျော်ပြီးပြန်အလာနန်းရဲ့စကားကြောင့်ကော်ဖီဗန်းပါလွတ်ကျသွားလေသည်။

''လွန်းဇိုင်းနဲ့စေ့စပ်ပွဲကိုဖျက်သိမ်းပေးလို့ရမလား''

လွန်းကတော့ဘာမှမပြောပေ။

''လွန်းတို့တောင်းပန်ပါတယ်ဇိုင်းကလေးကိုငှဲ့ကွက်ပြီးစေ့စပ်ပွဲဖျက်သိမ်းပေးပါနော်''

''သမီးလွန်း..''

''မာမီ...မမြနန်းအခုလိုလွန်းကိုတကူးတကလာပြောပေးလို့ကျေးဇူးပါ..ဇိုင်းကိုလွန်းဘယ်သူ့လက်ထဲမှမထည့်ပေးနိုင်ဘူးမမြနန်း.စေ့စပ်ပွဲကိုလည်းမဖျက်သိမ်းပေးနိုင်ဘူး..''

''ဘာ!!!နင်...ဇိုင်းနဲ့ငါကလင်မယားအရာမြောက်ပြီးလို့ငါ့မှာသူ့ကလေးရှိနေပြီးတာတောင်နင်ကထပ်ပြီးကပ်တွယ်ချင်နေသေးတာလား''

''မရွှေမြနန်းမောင်ကအရင်ဇိုင်းကိုမြူဆွယ်လို့အခုလိုဖြစ်တာလေလွန်းနဲ့ဘာဆိုင်လို့အခုလိုလာပြောရတာလဲ..မမြနန်းဇိုင်းကိုဒီကိစ္စသွားပြောသင့်တယ်လိုလွန်းထင်ပါတယ်ကိုထွန်းရေ''

''ဗျာမမလေး''

''ဧည့်သည်ကိုအိမ်အထိလိုက်ပို့ပေးလိုက်ပါအုန်း..''

''ဟုတ်ကဲ့မမလေး...အမကြွပါ..''

''တောက်.တောက်ပလွန်းသူ...''မြနန်းတစ်ယောက်သူမမှာကိုယ်၀န်ရှိလျှင်လွန်းဇိုင်းကိုလမ်းခွဲပေးမည်အထင်နဲ့အိမ်အထိလာပြောပေမယ့်လွန်းကထင်ထားတာထက်ပိုဆိုးနေသည်။

*နေနင့်အုန်းပေါ့တောက်ပလွန်းသူနင့်ကိုရှင်းပစ်ပြီးဇိုင်းကိုရအောင်ယူပြမယ်...*

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now