ချစ်ခြင်းမဲ့အမုန်းသစ္စာ(part25)

43 8 0
                                    

''ဇိုင်းမဖြစ်ဘူးထင်တယ်..ဟိုကဇရှိတယ်ဟ..ဟိုကောင်တောင်သူ့ကြောင့်မထနိုင်တော့တာကိုကြည့်..ငါတို့မခေါ်ရဲဘူးမင်းဘဲသွား''

''ဒါကျတော့ကြောက်တယ်နော်...''

''သွားပါမင်းသွားခေါ်လိုက်ငါဒီမှာစောင့်နေမယ်ဇိုင်း''

နွေမောင်ဆိုတဲ့ကောင်ကကောင်မလေးတွေကိုသာကြောင်တာတကယ်တမ်းတော့မိန်းမနဲ့ပတ်သက်ရောဂါတစ်မျိုးရှိနေတတ်သာဘဲအဲဒါမိန်းမဆိုးတွေကိုကြောက်တဲ့ရောဂါပေါ့

''ဒီကောင်မတော်တော်စွာတာဘဲ...ချကြစမ်း''

ဇိုင်း၀င်လာတော့လူ၃ယောက်ကသူမဆီသို့ဦးတည်တိုက်ခိုက်လာသည်ကိုတွေ့ရတော့ဘေးနားမတ်တပ်ရပ်နေသော၀ိတ်တာအားကြည့်လိုက်လေသည်။ဗန်းပေါ်တင်ထားသော၀ိုင်ပုလင်းကိုဇိုင်းယူလိုက်ပြီးထိုမိန်းကလေးဆီဦးတည်သွားနေသောကောင်၏ခေါင်းတည့်တည့်ကိုပစ်လိုက်လေသည်။

ခွက်!!!

ဘုတ်..

အာ့

''ဟာဘယ်ကောင်ပစ်တာလဲ...''ဇိုင်းလက်၂ဖက်ကိုခါလိုက်ပြီးထိုပြောတဲ့လူဆီသို့ပြေးလာကာခြေထောက်နဲ့တစ်ပတ်လှည့်ပြီးကန်ချလိုက်လေသည်။

ဘုန်း

ရင်ဘတ်တည့်တည့်ကန်ခံထိသောလူမှာလွှင့်ကာဘေးနားကောင်တာပေါ်မှာသွားမှောက်နေလေသည်။

''မင်းကဘာကောင်လဲ''

''ဇိုင်းပါအကို..တွေ့ရတာ၀မ်းသာပါတယ်''

''ငါတော့မင်းနဲ့တွေ့ရတာကံဆိုးတာဘဲကွ..ရော့ကွာ.ခွပ်..ဘုန်း''

''ဟား..ဇမရှိဘဲနဲ့လာစမ်းနေတာဘဲ..မန်နေဂျာ..''မန်နေဂျာမှာကြောက်လွန်းတာကြောင့်ဘားကောင်တာရဲ့အနောက်ဘက်မှာ၀င်ပုန်းနေလေသည်။

''ဗျာ..ဗျာဆရာ''

''လာအုန်း..ဒီမှာပျက်စီးသွားတဲ့ပစ္စည်းတွေတန်ဖို့ကိုတွက်ပြီးငါ့ဇရင်းထဲပေါင်းမှတ်ထားပေး''

''ဟုတ်..ဟုတ်ကဲ့ဆရာ..''
သစ္စာသူမရှေ့မှရပ်နေသောကောင်လေးအားသေချာစိုက်ကြည့်နေလေသည်။

*ငါသူ့ကိုသိနေသလိုဘဲဘယ်သူလဲ..*

ဇိုင်းအားစိုက်ကြည့်နေသောခင်သစ္စာနှိုင်းဆိုတဲ့မိန်းကလေးကို''မင်းဘာဖြစ်သွားသေးလဲ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now