ချစ်ခြင်းမဲ့အမုန်းသစ္စာ(part27)

49 9 0
                                    

သစ္စာထိုကောင်လေးနေသောအိမ်လိပ်စာကိုသတင်းသိရသည်နှင့်ချက်ချင်းထိုမြို့ဆီသို့ထွက်လာခဲ့လေသည်။

''ကောင်လေးမင်းနဲ့တို့ပြန်ဆုံဖို့နီးနေပြီး''

နန်းညနေခင်းခြံထဲမှာလမ်းဆင်းလျှောက်လေသည်။

နန်းရဲ့ဗိုက်က၅လကျော်ကျော်ရှိနေပြီး..ဇိုင်းကနန်းအားညနေပိုင်းဆိုအမြဲခြံထဲလမ်းဆင်းလျှောက်စေချင်သည်။

နန်းဗိုက်လေးကိုပွတ်ရင်း''ကလေးလေးရေ..မေမေတို့ဒီနေ့ဖေဖေမပါဘဲလမ်းလျှောက်ကြတာပေါ့နော်...''

''မမလေး...ခြံပြင်မှာဧည့်သည်ရောက်နေပါတယ်သခင်လေးကိုတွေ့ချင်တယ်ပြောနေလို့''

ခြံစောင့်ဖိုးထူးကလာပြောလေသည်။

''ဘယ်သူလဲဖိုးထူး..''

''မိန်းကလေးတစ်ယောက်ဘဲသခင်လေးကိုတွေ့ချင်တယ်တဲ့''

*ဇိုင်းဘာတွေရှုပ်ထားပြန်တာလဲ*

''နန်းသွားတွေ့လိုက်မယ်ဖိုးထူးလုပ်စရာရှိတာသွားလုပ်နော်''

''ဟုတ်ကဲ့မမလေး''

နန်းခြံတံခါးနားကိုဖြေးညင်းစွာလျှောက်လာခဲ့သည်။

သစ္စာခြံရှေ့ကိုလျှောက်လာသောကိုယ်၀န်သည်အမျိုးသမီးအားမျက်မှောင်ကုတ်ကာကြည့်လိုက်လေသည်။

''ဒီကမိန်းကလေးကဘယ်သူလဲ''

''ကျမနာမည်ခင်သစ္စာနှိုင်းပါ..ဒါနဲ့ဒီအိမ်ကဇိုင်းအိမ်ဟုတ်ပါတယ်နော်''

''ဟုတ်ပါတယ်ဒါကဇိုင်းအိမ်ပါ..တစ်ခုမေးလို့ရမလား''

''မေး..''သစ္စာခပ်တည်တည်နဲ့ပြန်ပြောလိုက်သည်။

''မိန်းကလေးကဘာလို့ကျမအမျိုးသားကိုရှာရတာလဲ..''

*အမျိုးသား???..ဘယ်သူလဲဇိုင်းကလူပျိုတစ်ယောက်မဟုတ်ဘူးလား*ထိုအမေးကိုနန်းရယ်ချင်သည်။ဇိုင်းကသူ့ကိုယ်ရေးကိုယ်တာကိုတခြားသူကိုထုတ်မပြောတတ်ပေ။ဇိုင်းကအပြင်သွားရင်နန်းကိုသိပ်ပြီးခေါ်လေ့မရှိ..ဒါကြောင့်သူမဇိုင်းနဲ့ပတ်သက်တာသေချာမသိပေ။

ဧည့်ခန်းထဲတွင်

''ဇိုင်းကကျမအမျိုးသားပါ..ဒါနဲ့အမကဘာလို့ဇိုင်းကိုတွေ့ချင်ရတာလဲ''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now