ချစ်ခြင်းမဲ့အမုန်းသစ္စာ(part10)

57 8 0
                                    

ကျောင်းကနေပြန်လာသောမမကမတ်ကြီးတပ်ထားလေသည်။

''မမလင်းဘာဖြစ်လို့မတ်ကြီးတပ်ထားတာလဲ..နေမကောင်းဘူးလား''

သျှင်ကစိတ်ပူစွာနဲ့မေးလိုက်လေသည်။

''သျှင်မမအဆင်ပြတယ်...မမသွားနားတော့မယ်''

''နေအုန်း..မမလင်းဘာဖြစ်လာခဲ့တာလဲ''

သျှင်ရဲ့စူးရဲတဲ့အကြည့်တွေဟာတရားခံကိုအမှန်တိုင်း၀န်ခံဖို့ဖိအားပေးနေသလိုမျိုးပင်

''မမကျောင်းတော်မှာပြသာနာဖြစ်ခဲ့ပြန်လား..ကျနော်မျက်လုံးတွေကိုကြည့်စမ်းမမလင်း..ဘယ်သူလုပ်တာလဲ''

သျှင်ရဲ့အမေးကကြောက်ဖို့ကောင်းလှသည်။

''မမသွားနားပါရစေသျှင်..မမတောင်းပန်''

''ငါ့ကိုမတောင်းပန်နဲ့..နင်အခုဘာဖြစ်ခဲ့တာလဲပြောစမ်း.လင်းမြတ်နေဇာ...''

သျှင်ရဲ့အသံကကျယ်လွန်းတာကြောင့်အကုန်လူံးအိမ်ရှေ့သို့ထွက်လာခဲ့လေသည်။

''သျှင်တော်တော့..မမလင်းလန့်နေပြီး...''

''တော်ပါတော့သျှင်ရယ်လင်းလန့်နေပြီး''

''ငါ့ကိုမပြောဖူးပေါ့ရတယ်.နင်အခုလိုဖြစ်တာခင်သစ္စာနှိုင်းကြောင့်ဆိုတာငါသိပြီး..တောက်!!!''

သျှင်ပြောပြီးကားသော့ယူကာထွက်သွားလေသည်။

နေတော်၀င်နဲ့နှိုင်းမဟာတို့မှာလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသျှင်ရဲ့ပွဲကြမ်းတဲ့သတင်းကိုစောင့်မျှော်နေတော့သည်။

တိမ်တိုက်တစ်ယောက်မှာတော့လင်းမြတ်နေဇာအခုလိုဖြစ်တာကိုကြိတ်ပြီးကျေနပ်နေခဲ့သည်။

*ငါအစီအစဥ်ထဲကိုတဖြည်းဖြည်း၀င်လာခဲ့ပြီးဘဲလင်းမြတ်နေဇာ...*

ခင်သစ္စာနှိုင်းကအဆောင်ငှားပြီးနေနေသောကျောင်းသူတစ်ယောက်ပင်

''ခင်သစ္စာနှိုင်းနင့်ကိုလူတစ်ယောက်လာတွေ့တယ်''

ခင်တစ်ယောက်စားလက်စထမင်းကိုရပ်ကာကျောင်းဆောင်အပြင်ဧည့်တွေ့ဆောင်ကို၀င်လာခဲ့လေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now