ချစ်ခြင်းမဲ့အမုန်းသစ္စာ(part31)

68 9 0
                                    

''ဇိုင်းမင်းရောက်လာပြီးလား..ငါထင်တာမင်းမလာတော့ဘူးလို့''

ဇိုင်းနွေမောင်ချိန်းထားသောဘန်ဂလိုဆီသို့ရောက်လာတော့နွေမောင်ကပြောလေသည်။နွေမောင်ဇိုင်းကိုချိန်းတာမှောင်ခွင်းကိစ္စပြောမလို့ပင်

''ဇိုင်းမင်းမှောင်ခွင်းကိုဘယ်လိုလုပ်ချင်လဲ..ရှင်းပစ်မလား..ဖမ်းထားမလား''

''မှောင်ခွင်းကဦးရွှေအောင်မင်းရဲ့တပည့်လည်းဟုတ်တယ်သားတစ်ယောက်ဆိုလည်းမမှားဘူး..ဦးရွှေအောင်မင်းသူ့သူမရွှေမြနန်းမောင်ထက်မှောင်ခွင်းကိုပိုပြီးဂရုစိုက်တယ်..နောက်ပြီးရွှေတိမ်တိုက်လွှာသေဆုံးသွားတာကိုသူဒီတိုင်းထားလိုက်မှာမဟုတ်ဘူးသေချာပေါက်ငါတို့မိသားစုကိုကလဲ့စားချေလိမ့်မယ်နွေမောင်...သူ့ရဲ့အားနည်းချက်ကိုငါတို့ဆုတ်ကိုင်ထားနိုင်မှသူ့ထက်ခြေတစ်လှမ်းသာနိုင်မှာ..မှောင်ခွင်းကိုမသတ်နဲ့သားကောင်ကိုမျှားခေါ်နိုင်ဖို့အစာတော့လိုအပ်တယ်လေ...မှောင်ခွင်းကိုအစာအဖြစ်သုံးရင်သားကောင်ရွှေအောင်မင်းကမကြာခင်ငါတို့ထောင်ချောက်ထဲရောက်လာမှာပေါ့..ဟားဟားဟား''

''ဇိုင်းမင်းကအသေအချာစီစဥ်ထားတာဘဲ..''

''ငါလုပ်ရမှာကကလဲ့စားချေဖို့ဘဲလေငါသေချာစီစဥ်ထားရတာပေါ့နွေမောင်..''

အခန်းတစ်ခုထဲမှာချုပ်နှောင်ခံထားရသောဇိုင်းကမျက်နှာမှာသွေးသံရဲရဲနဲ့ကြောက်ဖို့ကောင်းနေလေသည်။

''ဇိုင်း...မင်းဘယ်မှာလဲ..ထွက်ခဲ့စမ်း..ငါမင်းကိုသတ်မယ်...''

''တောက်!!!ဖမ်းခံထိထားတာတောင်ဇကမပြေသေးဘူး..ခွပ်!!!''

''ဟျောင့်..ဇိုင်းထွက်ခဲ့စမ်း...အု...''

ချပ်!!!

''ဘာတွေဖြစ်နေတာလဲ..မှောင်ခွင်းမင်းကငါတို့လက်ထဲရောက်နေတာတောင်အမောက်ထောင်ချင်နေတာလားဟမ်း...''

''နွေမောင်...ဖယ်လိုက်..''ဇိုင်းမှောင်ခွင်းရှေ့မှာဒူးထောက်ချပြီး''မှောင်ခွင်းမင်းကငါ့ကိုသတ်ချင်တယ်ပေါ့မင်းငါ့ကိုသတ်လို့မရဘူး...ဘာလို့လဲသိလား..ငါကမင်းညီမရဲ့ယောကျာ်းမင်းယောက်ဖဖြစ်နေလို့ဘဲ..မင်းငါ့ကိုထိရင်၀င့်၀ါလွန်းထည်ကအငြိမ်နေမှာမဟုတ်ဘူး...မင်းညီမအကြောင်းမင်းသိပါတယ်ကွာ..ဟားဟားဟား''

''ဇိုင်း..ခွေးသားမင်းကိုငါသတ်မှာ..ငါ့ညီမကိုအသုံးချပြီးငါ့ကိုတားဆီးလို့ရမယ်ထင်နေတာလားဇိုင်း..''

''မထင်ပါဘူး..ကျနော်မထင်ပါဘူးကိုကြီး..ကိုကြီးညီမကကျနော့်ကိုအရမ်းချစ်တော့ကိုကြီးရှိတဲ့နေရာကိုပြောပြနိုင်တာဘဲကြည့်လေ..ကျနော်တော့ကိုကြီးတို့မောင်နှမကြားမှာ၀င်မရှုပ်ချင်ဘူး..ကိုကြီးသိလားအချစ်ကလူတစ်ယောက်ကိုပြောင်းလဲသွားစေတဲ့အထိစွမ်းအားတွေကရှိနေတတ်တယ်လေ...ကိုကြီးညီမကအချစ်စွမ်းအားတွေကြောင့်အကိုအရင်းကိုတောင်မကြည့်နိုင်တော့ဘူးမမြင်နိုင်တော့လောက်အောင်ကျနော်ဘက်ကရပ်တည်ပေးနေတာလေ..ဟက်''

''ဇိုင်း...မင်းပြောနိုင်တုန်းပြောထားအုန်းပေါ့..အေးငါဒီကနေလွတ်မြောက်တဲ့ခါကျရင်မင်းကိုအရင်သတ်မှာကွသိလား..ဇိုင်း..''သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရတာကြောင့်ခွင်းရဲ့လက်သီးကဇိုင်းဆီကိုမရောက်ပေ။

''ဟမ်း..အေးဆေးပေါ့ယောက်ဖရာမင်းသာဒီမှာခနတာနေလိုက်အုန်းအချိန်ကျရင်မင်းကိုနတ်ပြည်ပို့ပေးမယ်..အော်မှားလို့ပြစ်မှူမြောက်တဲ့လူကငရဲပြည်ဘဲသွားသင့်တာပေါ့ဟားဟားဟား''အော်ရယ်ကာထွက်သွားသောဇိုင်းအားမကျေနပ်သောမျက်လုံးများနဲ့စိုက်ကြည့်ကာကျန်ခဲ့သောခွင်း...

ဒိနယ်ဘက်ကိုရောက်တော့ခင့်ဆီကိုဖုန်းခေါ်လိုက်သည်။

''ဟယ်လိုခင်..ဘယ်မှာလဲဟင်ကိုမင်းဆီကိုလိုက်လာတယ်..မင်းနေလိပ်စာကိုကို့ဆီပို့ပေးအုန်း..''

သစ္စာဒိအခုလောက်ထိသူမကိုနှောင့်ယှက်မည်ဟုမထင်ထားပေ။

ကိစ္စမရှိပါဘူးဇိုင်းတစ်ယောက်လုံးရှိနေတာလဲဟာသူ့ကိုအသုံးချပြီးဒိဿရကိုမောင်းထုတ်ရမှာပေါ့...

''ကျမပို့လိုက်မယ်...''

သစ္စာဇိုင်းနဲ့အတူနေတဲ့အိမ်လိပ်စာကိုပို့ပေးလိုက်လေသည်။

ဒိဖုန်းထဲကို၀င်လာသောမက်ဆေ့စ်ကိုကြည့်လိုက်တော့သူရှိနေတဲ့နေရာနဲ့မ၀ေးပေ။

ဒိဖုန်းထဲလိပ်စာအတိုင်းထိုအိမ်သို့ထွက်လာခဲ့လေသည်။

''ဇိုင်းပြန်လာပြီးလား..''

''အင်း..ဘယ်သွားဖို့ရှိသေးလဲ''

''မရှိတော့ဘူးအိမ်ဘဲပြန်ကြရအောင်အိမ်မှာမင်းကိုစောင့်ကြိုနေတဲ့သူရှိနေတယ်''

ဇိုင်းမျက်ခုံးတစ်ချက်ပင့်လိုက်လေသည်။
သူမဘာတွေကြံစည်နေတာလဲ

''ကောင်းပြီးအဲဆိုအိမ်ကိုဘဲပြန်ကြတာပေါ့မမ''

################################

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now