ချစ်ခြင်းမဲ့အမုန်းသစ္စာ(part62)

46 8 0
                                    

ခင်သစ္စာနှိုင်းဇိုင်းနဲ့ဖုန်းပြောပြီးလွန်းအားလှည့်ကြည့်လာသည်။

''မင်းရဲ့ချစ်လှစွာသောဇိုင်းကမကြာခင်မင်းကိုလာကယ်လိမ့်မယ်...ဒါပေမယ့်မင်းကတော့သေချာပေါက်အသက်ရှင်မှာမဟုတ်ဘူးတောက်ပလွန်းသူ..ဟားဟား''

''ရှင်ဇိုင်းကိုလှည့်စားလို့ရမယ်ထင်နေတာလားမခင်သစ္စာနှိုင်းဇိုင်းကရှင်ထင်သလိုငတုံးတော့မဟုတ်ဘူးနော်...''

''ဇိုင်းကငတုံးမဟုတ်ဘူး..မင်းနဲ့ပတ်သက်ရင်တော့တုံးအလိမ့်မယ်ဆိုတာငါသိနေတယ်လေ...''

ခနနေတော့ဦးလရောင်၏လူတစ်ယောက်ကရောက်လာခဲ့လေသည်။

''ဇိုင်းရောက်လာပါပြီးသူဌေး''ဦးလရောင်က''ဘယ်သူတွေပါသေးလဲ''

''မပါပါဘူးတစ်ယောက်ထဲလာတာပါ''

''ဟက်...သူ့ကိုငါ့ဆီကိုခေါ်လာခဲ့''

''ဟုတ်ကဲ့သူဌေး''

ဇိုင်းသူတိူ့ချိန်းတဲ့နေရာကိုရောက်လာတော့အခြေအနေတွေကိုအကဲခတ်ကြည့်နေလေသည်။

''ငါ့နောက်လိုက်ခဲ့''

ဇိုင်းအားလာခေါ်သောလူနောက်သို့လိုက်လာခဲ့လေသည်။

ဖြောင်း..ဖြောင်း..ဖြောင်း

''ဇိုင်း...မင်းတကယ်သတ္တိရှိတာဘဲနော်...''

''ဦးလရောင်ခဗျားရဲ့အကြံတွေလား...မထင်ရဘူးနော်ကျနော့်ကိုရှင်းပစ်ဖို့တော်တော်လေးကြိုးစားမှာဘဲ...ဟုတ်တယ်မလားမခင်သစ္စာနှိုင်း''

''မောင်တို့ကမင်းကိုပိုင်ဆိုင်ချင်ရုံသက်သက်ပါ...တောက်ပလွန်းသူကမင်းဘေးနားမှာရှိနေတာမြင်ရရင်တို့ရင်နာတယ်ကွယ်...''

''မင်းလွန်းကိုလွယ်လွယ်နဲ့ထိလို့ရမယ်ထင်နေတာလား...ငါမင်းကိုသတိပေးလိုက်မယ့်မင်းအခုချက်ချင်းလွန်းကိုလွှတ်ပေးလိုက်မယ်ဆိုငါမင်းအသက်ကိုချမ်းသာပေးမယ်''

''တို့မောင်ပြောတာကိုဘာလိုလုပ်လက်ခံရမှာလဲမင်းပြောစမ်းပါအုန်း..တို့ကိုချစ်တယ်လို့လေ''

''......''

''မင်းမပြောနိုင်ဘူးဘဲဇိုင်း...တောက်ပလွန်းသူကမင်းသိပ်ချစ်ရတဲ့မိန်းကလေးဖြစ်ခဲ့တာကိုငါမကျေနပ်ဘူးဇိုင်း...နင်ငါ့ကိုသူမလောက်မချစ်လို့နင့်သိပ်ချစ်တဲ့တောက်ပလွန်းသူကိုငါအခုလိုလုပ်ခဲ့တာငါမှားလား''

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now