ချစ်ခြင်းမဲ့အမုန်းသစ္စာ(part36)

47 8 0
                                    

ယောဠိအိမ်ပြန်ဖို့လုပ်တော့ဘေးနားကနေဖြတ်သွားသောမိန်းကလေး၂ဦးကြောင့်သူ၏ခြေလှမ်းများကထိုမိန်းကလေး၂ဦးဆီသို့ပင်

''မြင့်မိုရ်မင်းမဟုတ်လား...''

မြင့်မိုရ်ယောဠိအားသတိမထားမိပေ။အနောက်ကနေယောဠိရဲ့ခေါ်သံကြောင့်မြင့်မိုရ်တကိူယ်လူံးအေးစက်သွားခဲ့သည်။

''မာမီအဲဦးလေးကြီးကိုသိနေတာလားဟင်''

''ဟအင်း..မသိဘူး..သွားရအောင်သမီး..''

''မြင့်မိုရ်...မင်းဘယ်သွားဖိူ့လဲ..မြင့်မိုရ်''

''ယောဠိ..ဘယ်သွားဖို့လဲ...''အနောက်ကနေဂရေ့ကသူ့လက်မောင်းကိုဖမ်းဆွဲလိုက်တာကြောင့်ယောဠိသူမတို့နောက်ကိုဆက်လိုက်၍မရတော့ချေ။

''ဂရေ့...''

''ဒယ်ဒီကရှင်နဲ့လုပ်ငန်းကိစ္စပြောချင်တယ်တဲ့..''

''အင်းကျနော်လာခဲ့မယ်''ယောဠိအရှေ့ဘက်ကိုကြည့်လိုက်တော့ခနကမိန်းကလေး၂ဦးကိုမတွေ့တော့ပေ။

သူသောက်များလို့စွဲလန်းနေတဲ့သူမပုံရိပ်ကိုမြင်နေမိတာလား...မဟုတ်ဘူးသူမမှသူမဘဲကိုမမှားဘူးမြင့်မိုရ်မင်းမှမင်းဘဲကိုလူမှားတာမဟုတ်လောက်ဘူးသေချာပေါက်ကိုမင်းကိုရအောင်ရှာမယ်မြင့်မိုရ်...

ကားပေါ်တွင်

''မာမီခနကဦးလေးကြီးကတုတုတို့ကိုစကားပြောချင်တာနဲ့တူတယ်..မာမီဘာလို့အဲဦးလေးကြီးသွားပြီးစကားမပြောတာလဲဟင်''

''မာမီပင်ပန်းနေပြီးသမီး...''တုတုမာမီမျက်နှာကိုကြည့်လိုက်တော့အတော်ပင်ပန်းနေပုံပင်

အမေရိကားကနေUKကိုနေ့ချင်းလာခဲ့သောမာမီကဒီပါတီပွဲကိုမနားဘဲတက်ရောက်ခဲ့တာကြောင့်အတော်လေးပင်ပန်းနေမယ်ဆိုတာတုတုသိသည်။တိုက်ခန်းကိုပြန်ရောက်တော့မာမီကဘာမှမပြောဘဲအခန်းထဲကိုဦးစွာ၀င်သွားလေသည်။

''မာမီဘာဖြစ်နေတာလဲ''

မြင့်မိုရ်အခန်းထဲရောက်တော့အံဆွဲထဲမှာသိမ်းထားခဲ့သောဓာတ်ပုံတစ်ပုံနှစ်၂၀ခန့်ရှိလေပြီး...

ထိုဓာတ်ပုံကယောဠိနဲ့သူမနဲ့ချစ်သူဖြစ်တဲ့အထိမ်းအမှတ်နေနဲ့ရိုက်ကူးထားသောဓာတ်ပုံလေးပင်

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now