ချစ်ခြင်းမဲ့အမုန်းသစ္စာ(part60)

54 8 0
                                    

အိမ်ပြန်ရောက်သည်အထိဒေါသစိတ်ကမပြေသေးပေ။

လွန်းရဲ့ပါးတစ်ဖက်နီနေတာကိုတွေ့လေဒေါသထွက်လေဘဲ

ဒေါသထွက်နေသောဇိုင်း၏မျက်နှာကိုခပ်ဖွဖွကိုင်တွယ်ရင်း..''လွန်းအဆင်ပြေတာမို့လို့ဇိုင်းဒေါသမထွက်ပါနဲ့တော့နော်...''

''ကို့ကြောင့်ပါ..ကိုသာပြတ်ပြတ်သားသားနဲ့သူမကိုရှင်းပစ်နိုင်ခဲ့ရင်လွန်းအပေါ်မှာအခုလိုကိုယ်ထိလက်ရောက်ဖြစ်မှာမဟုတ်ဘူး''

''ဇိုင်းကြောင့်မဟုတ်ဘူးနော်ဇိုင်းစိတ်ထဲမထားပါနဲ့...''

ဇိုင်းသူမရဲ့ပါးလေးကိုရေခဲအိတ်ကပ်ပေးပြီး''လွန်းဒီနေ့နားလိုက်တော့နော်''

''ရှင်ဘယ်သွားဖို့လဲ...''

''ကိုအလုပ်ပြန်လုပ်မလို့ပါ...''

''ဒီလိုပုံစံနဲ့လားဇိုင်းရယ်..ဒီနေ့တော့နားလိုက်ပါနော်လွန်းကိုအဖော်ပြုပေးပါဇိုင်း...''

ဇိုင်းချစ်ရသူရဲ့တောင်းဆိုမှုကိုမငြင်းဆန်ရက်ပေ။

''ကိုမသွားတော့ဘူးလွန်း...''

လင်းမြတ်မေ၀တီတစ်ယောက်ဒီနေ့ဇိုင်းကိုတွေ့ဖို့ဖုန်းခေါ်ပေမယ့်ဖုန်းမကိုင်ပေ။

''ကျစ်ဇိုင်းဘာတွေလုပ်နေတာလဲ...မေ့ကိုလာမတွေ့တာ၁ပတ်ကျော်ကြာပြီး''

''ဖုန်းကိုင်ပါဟာ''

မေတစ်ယောက်ဧည့်ခန်းထဲမှာခေါက်တုံ့ခေါ်ကပြန်လျှောက်နေမိသည်။စိတ်ကလည်းအလိုမကျတာကြောင့်မျက်မှောင်ကြီးကျုံ့နေလေသည်။

''ဇိုင်းရယ်ဖုန်းကိုင်ပါမေတောင်းပန်ပါတယ်''

ဇိုင်းဖုန်းလာနေတာသိပေမယ့်မကိုင်ပေ။

ဖုန်းကိုအသံပိတ်ကာစက်ပါပိတ်လိုက်လေသည်။

''လူကြီးမင်းခေါ်သောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်''

''ဇိုင်းဖုန်းပါစက်ပိတ်လိုက်တယ်...''

မေတစ်ယောက်မကျေနပ်ဖြစ်ခဲ့ရသည်။

ဦးသောတမင်းတစ်ယောက်
ဒေါသတကြီးနဲ့အိမ်ထဲကို၀င်လာခဲ့လေသည်။

ချစ်လှစွာသောဇိုင်း(or)ချစ်ခြင်းမဲ့အမုန်းသစ္စာWhere stories live. Discover now