အချပ်ပို: ညအချိန်မီးအိမ်စကားဝိုင်း {၁/၂}

2.1K 309 11
                                    

{Unicode}

အချပ်ပို: ညအချိန်မီးအိမ်စကားဝိုင်း {၁/၂}

သင်နဲ့ဘဝရုပ်ရှင်ရုံရဲ့ ပထမဆုံးည။

သင်က ဝတ္ထုတွေဖတ်ရတာကို သဘောကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။

သင့်မှာအချိန်ရှိတိုင်း သင့်ဖုန်းထဲက စာဖတ်appတစ်ခုကို ဖွင့်ပြီး အပိုင်းသစ်တွေများ တင်ထားတာရှိမလားလို့ ပြေးပြေးစစ်ကြည့်လေ့ရှိတယ်... ကောင်းရော၊ တစ်ခုမှကိုမရှိဘူး!!

"သောက်ကျိုးနည်း၊ ပိတ်ရက်ကျတင်ပေးမယ်၊ နှစ်သစ်ကျတင်ပေးမယ် ပြောထားပြီး၊ အားရှ... ရှင်ကတိပေးထားတဲ့ အချပ်ပိုအပိုင်းကို သူများမြေးမြစ်တွေ မွေးလာရင်တောင် တင်ပေးဖို့ စိတ်ကူးရှိရဲ့လား?"

သင်ကစိတ်ဓာတ်ကျလို့နေတယ်။ ဝတ္ထုရဲ့အောက်ဆုံးမှာရှိနေတဲ့ မှတ်ချက်က သင်ရေးထားခဲ့တဲ့ မှတ်ချက်ဖြစ်တယ်။ နောက်ထပ်မှတ်ချက်တစ်ခုကရော ဘယ်သူ့ဟာ ဖြစ်လိမ့်မလဲ? 'ဘွားဘွား၊ ဒီမှာအပိုင်းသစ်ထွက်လာပြီ' လို့ ရေးမယ့် သင့်မြေးလေးရဲ့မှတ်ချက်တော့ မဖြစ်နိုင်ပါချေ။

"ထားလိုက်တော့" သင်ခေါင်းကိုခါပြီး ကြောက်ဖို့ကောင်းတဲ့စိတ်ကူးကို လွှင့်ပစ်လိုက်တယ်။ "ဂိမ်းတစ်ခုခုဒေါင်းပြီး ဆော့တာတောင် ပိုကောင်းဦးမယ်... ဟမ်၊ ဒါကဘာလဲ?"

သင်မသိလိုက်ခင် သင့်ရဲ့ဖုန်းထဲမှာ app အိုင်ကွန်အသစ်တစ်ခု ရှိနေတာကို သင်သတိထားမိလိုက်တယ်။

ထိုအိုင်ကွန်က ရှေးခေတ်ဆန်တဲ့တံခါးမကြီးနဲ့ ဘေးနှစ်ဖက်နှစ်ချပ်မှာ တွဲလွဲကျနေတဲ့ မီးအိမ်တန်းနှစ်ခုကို ဖော်ပြလို့ထားတယ်။

"ဘဝရုပ်ရှင်ရုံ?" သင်ထိုappရဲ့နာမည်ကို ရေရွတ်ပြီးနောက်မှာ လန့်အော်လိုက်မိတယ်။ "ဒါကအားရှရဲ့ဝတ္ထု မဟုတ်လား? အဲ့ဒါက ဂိမ်းပါ ထွက်လာနေပြီလား?"

သေတော့မသေလောက်ပါဘူး ဆိုတဲ့အတွေးနဲ့ သင်ထိုအိုင်ကွန်ကို နှိပ်ချလိုက်တယ်။

ဘာပဲဖြစ်ဖြစ် အလွန်ဆုံးရှိ အဲ့ဒါက ဝတ္ထုထဲက အကြောင်းအရာတွေနဲ့ ဖန်တီးထားတဲ့ အမှိုက်ဖုန်းဂိမ်းတစ်ခု ဖြစ်နေရုံပဲပေါ့။ သင်စစပိုင်းမှာ SSRကတ် တစ်ကတ်ရလိမ့်မယ်– အဲ့ဒီSSR ကတ်ကလည်း သင့်ရဲ့တစ်ဘဝလုံးမှာ ပထမဆုံးနဲ့ နောက်ဆုံးရတဲ့ SSRကတ် ဖြစ်လောက်တယ်– ကမ္ဘာပျက်ခါနီး ဂိမ်းဆာဗာအကုန် ပိတ်ကျသွားတဲ့အထိတောင် နောက်ထပ်SSRကတ် တစ်ကတ်ထပ်ရဖို့ သင်အိပ်မက်တောင်မက်လို့ရမှာ မဟုတ်လောက်တော့ဘူး... အဲ့လိုဝမ်းနည်းစရာ ကိစ္စအကြောင်း မပြောရတော့အောင်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now