အခန်း ၅၁: အနမ်းဇာတ်ဝင်ခန်း

2.8K 568 22
                                    

{Unicode}

အခန်း ၅၁: အနမ်းဇာတ်ဝင်ခန်း

"ရှီထို့ရဲ့အဓိကအရည်အချင်းက သရုပ်ဆောင်တာမဟုတ်ဘူး" ဒါရိုက်တာရှီပြောလာတယ်။ "အဲ့ဒါကသရုပ်ဆောင်တွေကိုညွှန်ကြားပေးတာပဲ"

သူတို့အနားမှာဘယ်သူမှမရှိနေပေ။ ဒါရိုက်တာရှီသူ့အရှေ့က အရည်အချင်းထဲမှာပိတ်မိနေတဲ့လူငယ်ကိုကြည့်လိုက်တယ်။ ဒီတစ်ခေါက်အခွင့်အရေးကိုအသုံးချပြီး အဲ့ဒီလူငယ်ကိုနိုးထလာအောင်လုပ်ဖို့ ဒါရိုက်တာရှီဆုံးဖြတ်လိုက်တယ်။

"မင်းကအဲ့ဒီနေရာမှာသူ့လောက်မတော်ဘူး" ဒါရိုက်တာရှီပြောလာတယ်။ "မင်းအဲ့ဒီအရမ်းတော်တဲ့သရုပ်ဆောင်ဆိုလား၊ အဲ့တစ်ယောက်ရဲ့အရိပ်အောက်မှာပဲပိတ်မိနေတာ၊ ဒီလောကမှာ ပြီးပြည့်စုံတဲ့လူမျိုးမရှိဘူး၊ မင်းရဲ့အတွေးကိုနည်းနည်းလောက်အလုပ်ပေးပြီး ဒါရိုက်တာတစ်ယောက်ကဘယ်လိုမျိုးလုပ်သင့်လဲဆိုတာကိုစဉ်းစားကြည့်လို့မရဘူးလား? ဥပမာပြောရရင် သရုပ်ဆောင်တွေကိုညွှန်ကြားတာမျိုးလေ?"

ချန်ကွမ်းချောင်ရဲ့မျက်နှာကရှုံ့တွဲ့လို့နေတယ်။ သူကအမှန်တရားကိုလက်မခံနိုင်သေးပေ။ "ကျုပ်သူတို့ကိုညွှန်ကြားဖူးတာပဲ..."

" 'အစုတ်အပြတ်ပဲ' 'ထပ်လုပ်မယ်' 'အစားထိုးမယ်' ဆိုတာမျိုးတွေနဲ့ညွှန်ကြားတာလား? ဟားဟား" ဒါရိုက်တာရှီကရယ်ရင်းနဲ့ သူ့ရဲ့ဘီယာဗိုက်ကိုရိုက်လိုက်တယ်။

ချန်ကွမ်းချောင်ရဲ့မျက်နှာနီရဲလာတယ်။

"ငါတို့ကဒါရိုက်တာတွေကွ၊ အလှပြထားတာမဟုတ်ဘူး၊ သရုပ်ဆောင်တွေကိုလမ်းပြပေးတာက ငါတို့ရဲ့အလုပ်တစ်စိတ်တစ်ပိုင်းပဲ" ဒါရိုက်တာရှီကချန်ကွမ်းချောင်ကို လေးနက်စွာကြည့်လိုက်တယ်။ "ယိုလင်ကိုဥပမာကြည့်မယ်ကွာ၊ ဒီနေ့ဇာတ်ဝင်ခန်းမှာမင်းသာဒါရိုက်တာဆိုရင် သူ့ကိုဘယ်လိုမျိုးသရုပ်ဆောင်ခိုင်းမှာလဲ?"

ချန်ကွမ်းချောင်ခေါင်းငုံ့ကာစဉ်းစားလိုက်တယ်။ ခဏလောက်နေမှသူခေါင်းပြန်မော့ကာပြောလာတယ်။ "ကျုပ်သူနဲ့အရင်ဆုံးစာသားတွေလေ့ကျင့်မယ်၊ အချို့နေရာတွေမှာဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သူ့ကိုထောက်ပြမယ်၊ ကျုပ်လိုချင်တဲ့ခံစားချက်အမူအရာမျိုးနဲ့ သူ့ကိုသရုပ်ဆောင်ခိုင်းမယ်"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now