အခန်း ၁၃၂: ချစ်သူတစ်ယောက်

2.2K 440 47
                                    

{Unicode}

အခန်း ၁၃၂: ချစ်သူတစ်ယောက်

"ဒါရိုက်တာချန်လား?" ရှီကျုံးထန်ကရယ်ရင်း ပြောလာတယ်။ "သူ့ကိုပါဆွဲထည့်လို့ရလောက်အထိ သွားလို့ရမှာမဟုတ်ပါဘူး"

ဒါရိုက်တာချန်ဆီကနေ ထွက်ပြေးလာပြီးနောက်မှာ နင်နင် ရှီကျုံးထန်ကို ကမန်းကတန်းရှာပြီး သူမရဲ့စိုးရိမ်ပူပန်မှုအကြောင်း တိုင်ပင်ရတော့တယ်။

"သူဌေးချူရဲ့တာဝန်က တံခါးစောင့်နဲ့ အာဏာပါးကွက်သား နှစ်ခုစလုံးပဲ၊ သူဘဝရုပ်ရှင်ရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့မရဘူး" ရှီကျုံးထန်က နင်နင့်အရှေ့ကို ကော်ဖီခွက်တစ်ခွက်ချပေးလာတယ်။ "အရမ်းစိတ်မပူပါနဲ့"

ဟေး အဲ့ဒါကငါ့ကော်ဖီခွက်လေ။ ချန်ရွှမ်းဟယ် ရှီကျုံးထန်ကိုမျက်စောင်းထိုးကာ နောက်ထပ်ကော်ဖီတစ်ခွက် ထပ်ဖျော်ရတော့တယ်။ ပြီးတော့သူထိုကော်ဖီခွက်ကို ကွတ်ကီးကိုင်ထားတဲ့ ဟမ်းစတားတစ်ကောင်လိုမျိုး လက်ထဲမှာတင်းတင်းဆုပ်ကိုင်ရင်း ဘေးမှာထိုင်ပြီး သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကို ပြောင်ပြောင်တင်းတင်းပဲခိုးနားထောင်နေလိုက်တယ်။

"အဲ့လိုလား?" နင်နင်ကော်ဖီတစ်ငုံသောက်ပြီး မေးလာတယ်။

"အင်း၊ အခုရိုက်ကူးရေးအတွင်း မတော်တဆတစ်ခုခုဖြစ်မယ်ဆိုရင် အဆိပ်ခတ်ခံရတာပဲဖြစ်ဖြစ်၊ မီးဆိုင်းပြုတ်ကျလာတာပဲဖြစ်ဖြစ်၊ ဟက်စကီးတစ်ကောင် ခွေးရူးထလာတာပဲဖြစ်ဖြစ်... ဘယ်သူမှသေမှာမဟုတ်ဘူး" ရှီကျုံးထန်က လက်ညှိုးကိုသေနတ်လိုမျိုး ဟန်ပန်လုပ်ကာ ချန်ရွှမ်းဟယ်ကိုချိန်ပြီး 'ဘန်း' လို့ပြောလာတယ်။ "မင်းကလွဲပြီးတော့"

ချန်ရွှမ်းဟယ်ရော နင်နင်ပါ ကော်ဖီသီးသွားကြတယ်။ အဟွတ်၊ အဟွတ်၊ အဟွတ်။ အဆုံးမှာသူက သေရဦးမှာပဲလား?!!

"ဟားဟား စတာပါ" ရှီကျုံးထန်ကရယ်ရင်းနဲ့ပြောလာတယ်။ "အာဏာပါးကွက်သားရဲ့တာဝန်က ခိုးဝင်လာတဲ့လူရဲ့အတိတ်ကို ဖရိုဖရဲဖြစ်သွားအောင် လုပ်ဖို့ပဲ... ဒါပေမဲ့သူ့ကိုသတ်လို့တော့မရဘူး"

"ကယ်တင်ရှင်ကအဲ့ဒါရဲ့ဆန့်ကျင်ဘက်လား?" နင်နင်မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။ "အာဏာပါးကွက်သားနဲ့ ကယ်တင်ရှင်နှစ်ယောက်ထဲက တစ်ယောက်ရှုံးသွားရင် အဲ့ဒီလူက အပြစ်ပေးခံရမှာလား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now