«နိဂုံး» အခန်း ၁၇၄: ဘဝရုပ်ရှင်ရုံ

2.9K 433 108
                                    

{Unicode}

«နိဂုံး»

အခန်း ၁၇၄: ဘဝရုပ်ရှင်ရုံ

"လူလိမ်! လူလိမ်! လူလိမ်!" နင်နင်အော်ဟစ်ရင်းနဲ့ ရုပ်ရှင်ရုံဆီကို ပြန်ပြေးလာခဲ့တယ်။ "ရှင်လိမ်တယ်! ရှင်အစကတည်းက ပြန်လာဖို့ စိတ်ကူးကိုမရှိတာ!"

မျက်နှာဖုံးနဲ့လူတွေ နောက်ပြန်ဆုတ်သွားတဲ့ အကြောင်းရင်းကို ခန့်မှန်းဖို့ကမခက်ပါချေ။ လူတစ်ယောက်၊ လိုအပ်ချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့လူတစ်ယောက်က တံခါးစောင့်ဖြစ်ဖို့အတွက် လျှောက်လာတာကြောင့်ပဲ ဖြစ်တယ်။

ရှင်ဖြစ်မယ့်အစား ဘာဖြစ်လို့ကျွန်မပဲ မဖြစ်လိုက်ရမှာလဲ?

"ကျွန်မဒီမှာလေ!!" နင်နင် ဘဝရုပ်ရှင်ရုံတံခါးဝကို ပိတ်ရပ်နေကြတဲ့ မျက်နှာဖုံးနဲ့လူတွေအနောက်မှာ ရပ်လိုက်တယ်။ ကားပိတ်နေတဲ့ လမ်းဆုံတစ်ခုလိုပဲ အပြင်ကလူတွေ အထဲဝင်လို့မရကြသလို အထဲကလူတွေလည်း အပြင်ထွက်လာလို့ မရနေကြပေ။ သူမအသက်ပြင်းပြင်းရှူသွင်းပြီး သူတို့ကိုအော်ပြောလိုက်တယ်။ "ရှင်တို့ကျွန်မကို မဖမ်းတော့ဘူးလား? လာလေ၊ မြန်မြန်လာဖမ်းလေ!"

သူတို့ထဲကအချို့က သူမကိုတစ်ချက်ကြည့်ပြီး ပြန်လှည်တိုးဝှေ့နေကြတယ်။

"...ဘာဖြစ်လို့မလာသေးတာလဲ?" နင်နင်သူတို့အနားကို လျှောက်သွားလိုက်တယ်။ ရုတ်တရက် သူမရဲ့လက်မောင်းက အ‌နောက်ကနေ ဆွဲကိုင်ခံလိုက်ရပြီး ဝမ်ယွီကသူမကို ဆွဲထုတ်လို့သွားတယ်။

နင်နင်အရူးတပိုင်း ရုန်းကန်နေရင်း ရုတ်ချည်း ပါးရိုက်ခံလိုက်ရတယ်။

"စိတ်ငြိမ်ငြိမ်ထား!" ဝမ်ယွီက သူမကို အော်ပြောလာခဲ့တယ်။

နင်နင်သူမရဲ့မျက်နှာကို အုပ်ကိုင်လိုက်တယ်။

"အစ်ကိုခင်ဗျားကို စိတ်ပျက်အောင်မလုပ်ခဲ့ဘူး" ဝမ်ယွီကသူမရဲ့ပုခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဖိကိုင်ထားရင်းနဲ့ ပြောလာခဲ့တယ်။ "...သူ့ကိုလည်းစိတ်မပျက်စေနဲ့"

လေထုက သွေးနံ့တွေ၊ မျက်နှာဖုံးနဲ့လူတွေရဲ့ ကျယ်လောင်တဲ့ရယ်သံတွေ နဲ့ ပြည့်နှက်လို့နေတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now