အခန်း ၃၉: မင်းသမီးလင်ရှန်း

3.6K 580 142
                                    

{Unicode}

အခန်း ၃၉: မင်းသမီးလင်ရှန်း

‌၁၉၉၀ခုနှစ်၊ <ပန်းချီကားထဲကလူ> ရိုက်ကူးရေးအဖွဲ့

"လာ လာ လာ၊ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ရအောင်၊ ငါကအရူးဘုန်းကြီးကားထဲကသရုပ်ဆောင် ချန်နော့လို့ခေါ်တယ်၊ တွေ့ရတာဝမ်းသာတယ်၊ တွေ့ရတာဝမ်းသာတယ်"

"လုပ်ပြန်ပြီဗျာ၊ ခင်ဗျားကိုမသိတဲ့သူဘယ်သူရှိသေးလို့လဲ? အရူးဘုန်းကြီးကသေအောင်နာမည်ကြီးတာကို"

"ကျုပ်ကဇာတ်လိုက်ရဲ့အဖေအဖြစ်သရုပ်ဆောင်မယ့် လီရှုပါ၊ ဟူး ပထမဆုံးအဖေလုပ်ရမှာဆိုတော့ နည်းနည်းတော့စိတ်လှုပ်ရှားနေတယ်"

"အားလုံးပဲမင်္ဂလာပါ၊ ကျွန်မကမင်းသမီးလင်ရှန်းအဖြစ်သရုပ်ဆောင်မယ့် နင်ယွိရန်ပါ"

"အားလုံးပဲမင်္ဂလာပါ၊ ကျွန်မကမင်းသမီးလင်ရှန်းအဖြစ်သရုပ်ဆောင်မယ့် ယိုလင်ပါ"

ပြောပြီးတာနဲ့သူမတို့နှစ်ယောက်လုံးကြက်သေသေသွားကြတယ်။ ပြီးတော့မှခေါင်းဖြည်းဖြည်းချင်းလှည့်ကာ အပြန်အလှန်ကြည့်လိုက်ကြတယ်။

...နည်းနည်းတော့နေရခက်တယ်နော်၊ မြောင်မြောင်*ပဲ...

[မှတ်ချက်: ဆဲတဲ့စကားလုံးကိုဆင်ဆာဖြတ်ထားတာပါxD]

လူတိုင်းကထရယ်လိုက်ကြပြီး သူမတို့နှစ်ယောက်ကိုကြည့်တဲ့အကြည့်တွေက ပြောင်းလဲလာခဲ့တယ်။ ယိုလင်ပြောလိုက်တာက မတော်တဆလို့ဘယ်သူမှမထင်ကြပါချေ။ ဒီလောကကြီးထဲမှာ မတော်တဆဆိုတာမရှိဘူး! အထူးသဖြင့်အနုပညာလောကထဲမှာဖြစ်တဲ့ 'မတော်တဆ'တိုင်းကတွက်ချက်ထားတာတွေချည်းပဲ!

ဒါရိုက်တာရှီတောင်အဲ့လိုထင်နေတာဖြစ်တယ်။ တွေ့ဆုံပွဲပြီးသွားတာနဲ့ သူကယိုလင်ကိုသီးသန့်ခေါ်တွေ့လာတယ်။ သူကပြုံးရင်းနဲ့ပြောလာတယ်။ "အဲ့ကိစ္စမျိုးကနောက်စရာမဟုတ်ဘူး၊ မင်းအဲ့လိုပြောလိုက်တော့လူတိုင်းနေရခက်သွားတာမတွေ့ဘူးလား?"

ယိုလင်၊ ဒါမှမဟုတ် ယိုလင်အဖြစ်ကူးပြောင်းလာတဲ့နင်နင်က ခါးသက်သက်အပြုံးတစ်ခုကိုလုပ်ပြုံးလိုက်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now