အခန်း ၄၆: အချစ်တိုက်ပွဲ

2.8K 568 48
                                    

{Unicode}

အခန်း ၄၆: အချစ်တိုက်ပွဲ

"အက်ရှင်!"

မီးသွေးတွေကဇလုံထဲမှာလောင်ကျွမ်းလို့နေတယ်။ မိန်းမလှလေးတစ်ယောက်က ထိုအနားမှာကွေးကွေးလေးအိပ်ပျော်နေတယ်။ သူမကအိပ်မောကျနေပေမဲ့ သူမရဲ့အသားအရေအစိတ်အပိုင်းတိုင်းက လူတစ်ယောက်ကိုဆွဲဆောင်ထားနိုင်တယ်။

အထူးသဖြင့်အင်္ကျီအောက်ကနေလှစ်ဟနေတဲ့ ဖြူစွတ်လုံးဝန်းတဲ့ပုခုံးသားတွေဖြစ်တယ်။

သူမရဲ့ဘေးကနေလက်တစ်ဖက်ဆန့်ထွက်လာတယ်။ ဒါပေမဲ့ထိုလက်က သူမရဲ့ပုခုံးကိုမထိတွေ့နိုင်သေးခင်မှာပဲ ပြန်လည်ရုတ်သိမ်းလို့သွားတယ်။ ရှီကျုံးထန်ကသူကျူးလွန်လိုက်တဲ့အပြုအမူကို မယုံကြည်နိုင်သလိုမျိုး သူ့ရဲ့လက်ကိုငုံ့ကြည့်လိုက်တယ်။

ခဏတာစိတ်ချောက်ချားပြီးတဲ့နောက်မှာ သူမြန်မြန်လှည့်ကာ စာကြည့်စားပွဲနားကိုလျှောက်သွားလိုက်တယ်။ သူကနံရံပေါ်ကပန်းချီကားကိုမျက်နှာချင်းဆိုင်ပြီး ထပ်ခါတလဲလဲရေရွတ်လို့နေတယ်။ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်... ကိုယ်တစ်ချက်လောက်စိတ်လွတ်သွားမိတာပါ..."

သူ့ရဲ့အနောက်ဘက်ကြမ်းပြင်ပေါ်မှာလဲလျောင်းနေတဲ့ နင်ယွိရန်ရဲ့မျက်လုံးတွေပွင့်လာခဲ့တယ်။ သူမရဲ့အမူအရာကင်းမဲ့တဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကဖြည်းညင်းစွာပေါ်ပေါက်လာတယ်။

သူမတစ်ချိန်လုံးနိုးနေခဲ့တာဖြစ်တယ်။

သူ့အနားမှာနေရတာကစစ်မြေပြင်ပဲ။ သူမရဲ့အသားအရေအစိတ်အပိုင်းတစ်ခုချင်းက သူမရဲ့လက်နက်ဖြစ်တယ်။ အခုအဲ့ဒီပန်းချီကားထဲကမိန်းမက သူမရဲ့တိုက်ခိုက်မှုကို ဘယ်လိုလိုတန်ပြန်တုံ့ပြန်နိုင်မလဲဆိုတာကို သူမကြည့်ချင်သေးတယ်။

ကင်မရာရိုက်ကွက်က အခြားနေရာတစ်ခုကိုဖြည်းညင်းစွာရွေ့လျားသွားတယ်။

အဖွဲ့သားတစ်ယောက်ကကြမ်းပြင်ပေါ်မှာဝမ်းလျားမှောက်ကာ သူ့လက်ထဲကအငွေ့ကျည်တောက်ကိုစတင်လိုက်တယ်။ မြူနှင်းလိုမျိုးအငွေ့တွေက လေထုထဲမှာပြည့်နှက်လို့သွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now