အခန်း ၇၁: စိတ်ပြန်လည်စုစည်းခြင်း

2.7K 533 65
                                    

{Unicode}

အခန်း ၇၁: စိတ်ပြန်လည်စုစည်းခြင်း

ပစ္စည်းရောက်ငွေချေ။

နင်ယွိရန်က ငွေရောင်လက်ဆွဲသေတ္တာကို ကမ်းပေးလာကာ ဖေရွှမ်က စာအိတ်တစ်အိတ်ကို ကမ်းပေးလာတယ်။

စာအိတ်ထဲမှာရှိတာက ရုပ်ရှင်လက်မှတ်တွေဖြစ်ပြီး လက်ဆွဲသေတ္တာထဲမှာရှိတာက ငွေစာရွက်တွေဖြစ်တယ်။

ဖေရွှမ်လက်ဆွဲသေတ္တာကိုဖွင့်ကာ ပိုက်ဆံတွေကိုစစ်ဆေးလိုက်ပြီးတော့ အပြုံးတစ်ခုနဲ့ပြန်ပိတ်လိုက်တယ်။ ပြီးတော့သူမကိုလက်ဆန့်ထုတ်ပေးလာတယ်။ "ဝယ်ယူအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

နင်ယွိရန်ကသူ့ရဲ့လက်ကို မတတ်သာပဲ ပြန်လည်လှုပ်ယမ်းလိုက်ရတယ်။ သူ့ရဲ့လက်ချောင်းတွေကိုထိတွေ့မိတာနဲ့ သူမရဲ့လက်တွေကိုပြန်ရုတ်လိုက်ချင်ပေမဲ့ သူကသူမရဲ့လက်ကိုဆွဲပြီး ပွေ့ဖက်လာတယ်။

"ချက်ချင်းကြီးပိုက်ဆံတွေအများကြီးပေးတာ နောက်ကျခက်ခဲလာမယ်မထင်ဘူးလား?" ဖေရွှမ်ကသူမကိုပွေ့ဖက်ရင်း ဧဒင်ဥယျာဉ်ထဲက တားမြစ်ထားတဲ့အသီးကို ဧဝစားလာအောင် လှည့်စားဖို့ကြံစည်နေတဲ့ မြွေရဲ့အသံနဲ့ပြောလာတယ်။ "တကယ်တော့ မင်းမှာရွေးချယ်စရာ နောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်၊ ကိုယ့်ဆီကနေလက်မှတ်ရနိုင်ဖို့ အများကြီးပိုလွယ်တဲ့နည်းလမ်း..."

"...မလိုဘူး ကျေးဇူးပဲ" သူ့စကားဆုံးတာကိုမစောင့်ဘဲ နင်ယွိရန်သူ့ကိုတွန်းထုတ်လိုက်တယ်။ သူမခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ သူ့ကိုမြွေတစ်ကောင်ကင်းတစ်ကောင်လိုမျိုး ရှောင်ရှားလိုက်တယ်။

"ရတယ်လေအဲ့ဒါဆိုလည်း" ဖေရွှမ်ပုခုံးတွန့်လိုက်တယ်။ သူလက်ဆွဲသေတ္တာနဲ့ လက်ဆွဲအိတ်ကိုဆွဲကိုင်ပြီး သူမကိုခေါင်းညိတ်ပြလာတယ်။ "နောက်လိုတာရှိရင်ဆက်သွယ်လိုက်ပါ"

သူပြောပြီးတာနဲ့လှည့်ထွက်သွားတယ်။ သူ့ရဲ့ကုတ်အင်္ကျီကလေထဲဝေ့ဝဲနေကာ ရထားဥဩဆွဲသံက အဝေးကနေထွက်ပေါ်လာခဲ့တယ်။

နင်ယွိရန်လက်ထဲကစာအိတ်ကိုငုံ့ကြည့်ပြီး လက်မနဲ့ပွတ်သပ်လိုက်တယ်။ စာအိတ်ရဲ့ထောင့်စွန်းမှာ ယန့်ချင်ဆိုတဲ့နာမည်တစ်ခုရှိနေတာကိုတွေ့ရတယ်။ သူမရုတ်တရက်ခေါင်းပြန်မော့ကာ သူ့ရဲ့နောက်ကျောကိုအော်ပြောလိုက်တယ်။ "ရှင်ဒီလက်မှတ်တွေကိုဘယ်လိုရလာတာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now