အခန်း ၉၈: ဆေး

2K 449 30
                                    

{Unicode}

အခန်း ၉၈: ဆေး

"သမီးကိုနာကျင်စေတဲ့သူရှိရင် မေမေ... သူတို့အကုန်လုံးကို ဖျက်ဆီးပစ်မယ်"

အဲ့ဒီစကားကဘာအဓိပ္ပာယ်လဲ?

အဲ့ဒီနေ့မှာဖြစ်ခဲ့တာတွေက အိပ်မက်တစ်ခုလိုမျိုး နောက်တစ်နေ့မှာ နင်ယွိရန်ကပုံမှန်ပြန်ဖြစ်သွားပြီဖြစ်တယ်– တည်ငြိမ်မြင့်မြတ်ပြီး ကျက်သရေရှိလို့နေတယ်။ သူမကရွှီရုန်ကိုတောင် ခွင့်လွှတ်ကြောင်းပြောလာခဲ့တယ်။

သူမအရှေ့မှာဒူးထောက်ချမတတ်ဖြစ်နေတဲ့ ရွှီရုန်ကိုထူပေးရင်းနဲ့ သူမကပြုံးပြီးပြောလာတယ်။ "ဒီတစ်ခေါက်ဖြစ်သွားတာကို မေ့လိုက်ကြတာပေါ့၊ နောက်တစ်ခေါက်‌တော့မဖြစ်စေနဲ့"

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်" ရွှီရုန်ကပါးစပ်ကိုကာရင်းနဲ့ ငိုရှိုက်လို့နေတယ်။ "ဒါဆို ရှောင်ယွိ... သူဆက်သရုပ်ဆောင်လို့ရသေးလားဟင်?"

"သေချာတာပေါ့" နင်ယွိရန်ပြုံးလိုက်တယ်။ "ဒီကိစ္စကသူနဲ့မှမဆိုင်တာ"

ရွှီရုန်စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တယ်။ ဘေးမှာရပ်နေတဲ့နင်နင်ကတော့ ကြက်သီးတွေထလာခဲ့တယ်။

နင်ယွိရန်ကသရုပ်ဆောင်နေတာပဲ။

သူမက ပုံမှန်အချိန်တွေကသူမလိုမျိုး ပြန်ပြီးသရုပ်ဆောင်နေတယ်– သူမရဲ့မျက်နှာအမူအရာတိုင်း အပြုအမူတိုင်း– လက်အိတ်နဲ့ဖုံးကွယ်ထားတဲ့ သူမလက်ဖမိုးပေါ်ကအမာရွတ်ကလွဲရင် ကျန်တာအကုန်လုံး အပြစ်အနာအဆာမရှိဘူးလို့ထင်နေရတယ်။

နင်ယွိရန်အိမ်ကနေထွက်မသွားခင် နင်နင့်ကိုတင်းတင်းကျပ်ကျပ်ဖက်ပြီး နားထဲတီးတိုးပြောလာတယ်။ "စိတ်မပူနဲ့၊ သူသမီးကိုအခုတလော ဘာမှလုပ်ရဲသေးမှာမဟုတ်ဘူး"

နင်နင်ရုတ်တရက်တစ်ခုခုပြန်ပြောပြချင်ပေမဲ့ နင်ယွိရန်ကဖက်ထားတာကိုလွှတ်လိုက်တယ်။ သူမကနင်နင့်ရဲ့ပါးပြင်ကို သူမရဲ့လက်အိတ်စွတ်ထားတဲ့ လက်ချောင်းတွေနဲ့ ညင်သာစွာပွတ်သပ်ပြီးနောက်မှာ တံခါးအပြင်ဘက်ကို လျှောက်ထွက်သွားတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now