အခန်း ၁၁၁: ဟိုးအစဆီသို့တစ်ဖန်

2.3K 440 28
                                    

{Unicode}

အခန်း ၁၁၁: ဟိုးအစဆီသို့တစ်ဖန်

သူမကိုဘယ်သူတွန်းလိုက်တာလဲ?

နင်နင်လည်းအပြင်ထွက်သွားပြီး ကြည့်ကြည့်ချင်ပေမဲ့ တစ်စုံတစ်ယောက်က သူမရဲ့ပုခုံးကိုဖိချလာတယ်။

"အချိန်မရှိဘူး၊ ကိုယ်ပြောမယ် မင်းနားထောင်" ရှီကျုံးထန်က သူမရဲ့မျက်စိရှေ့ကို ထွက်ပေါ်လာခဲ့တယ်။ သူကသူမရဲ့ပုခုံးကိုကိုင်ပြီး ဆွဲထူပေးလာတယ်။

"မင်းသုံးလိုက်တဲ့လက်မှတ်က အဓိကဇာတ်ကောင်လက်မှတ်ပဲ၊ မျက်နှာဖုံးနဲ့လူတိုင်းမှာ အဲ့ဒီလက်မှတ်တစ်စောင်စီရှိတယ်– အပေါ်မှာသူတို့ရဲ့ပုံတူတံဆိပ်တုံးထုထားတယ်" ရှီကျုံးထန်ကခပ်မြန်မြန်ပြောလာတယ်။ "မင်းမှတ်မိသေးတယ်မလား? ကိုယ်အဲ့ဒီလက်မှတ်တွေကိုယူပြီး အကုန်လုံးသုံးခဲ့တယ်– အဆုံးမှာကိုယ်အခုလိုဖြစ်လာခဲ့တာ"

သူပြုံးပြီး သူ့မျက်နှာပေါ်ကကျောက်စိမ်းမျက်နှာဖုံးကို လက်ဆစ်နဲ့ခေါက်လာခဲ့တယ်။

"ဒါပေမဲ့အဲ့ဒီလက်မှတ်ကို ကျွန်မအလိုတူလက်ခံခဲ့တာမှမဟုတ်တာ" နင်နင်သံသယတွေနဲ့ပြောလိုက်တယ်။ "အဲ့လိုလည်းထည့်တွက်တာပဲလား?"

"အဲ့လိုဆိုရင် မင်းသူ့ကိုကျေးဇူးတင်သင့်တယ်" ရှီကျုံးထန်ခဏလောက်စဉ်းစားပြီးမှ ပြုံးရင်းပြန်ဖြေလာတယ်။ "အဲ့ဒီလက်မှတ်ကြောင့်သာမဟုတ်ရင် ရုပ်ရှင်ရုံကမင်းကိုအခု ခိုးဝင်လာတဲ့လူလို့ သတ်မှတ်ထားလောက်ပြီ"

နင်နင်ရုတ်တရက်စဉ်းစားမိပြီး မေးလိုက်တယ်။ "ခိုးဝင်လာရင် ဘာဖြစ်မှာလဲ?"

"မင်းအခုအဲ့ဒါကိုစဉ်းစားဖို့အချိန်ရှိရင် ဘာဖြစ်လို့ ဒီရုပ်ရှင်အကြောင်းမစဉ်းစားတာလဲ?" ရှီကျုံးထန်က ‌လေးနက်တဲ့လေသံနဲ့ပြောလာတယ်။ "နင်နင်၊ အဓိကဇာတ်ကောင်လက်မှတ်နဲ့ အခြားလက်မှတ်တွေရဲ့ အဓိကကွာခြားချက်က ဘာလဲဆိုတာမင်းသိလား?

သူကအမြဲတမ်းခပ်ပြောင်ပြောင်ပြုံးနေတတ်တာဖြစ်ပြီး သူဒီလိုမျိုးလေးလေးနက်နက်ပြောလာခဲ့ရင် အဲ့ဒီကိစ္စကတကယ်လေးနက်လို့ပဲဖြစ်တယ်။ အဲ့ဒါကြောင့်နင်နင် ခိုးဝင်တဲ့ကိစ္စကိုဘေးချိတ်လိုက်ပြီး သူ့ကိုကြည့်ကာမေးလိုက်တယ်။ "ဘာကွာတာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now