အခန်း ၇၅: မညီမျှတဲ့အလှတရား

2.6K 509 54
                                    

{Unicode}

အခန်း ၇၅: မညီမျှတဲ့အလှတရား

"မင်းလား?" အငွေ့တွေက အနီရောင်နှုတ်ခမ်းအစုံကြားကနေ ဖြည်းညင်းစွာဖွာထွက်လာခဲ့တယ်။ အနီရောင်ချီဖောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက ညာဘက်လက်ထဲမှာဘိန်းဆေးတံကိုကိုင်ထားကာ နင်နင်ရဲ့အရှေ့ကိုဖြည်းဖြည်းချင်းလျှောက်လှမ်းလာတယ်။ သူမကလက်ဆန့်ထုတ်ကာ နင်နင့်ရဲ့မေးစေ့ကိုပင့်ပြီး သေချာစစ်ဆေးကြည့်နေတယ်။ "တီဗီထဲမှာလောက်လည်းမလှဘူး"

"အဲ့ဒါဓာတ်ပုံစားတယ်လို့ဆိုလိုတာပေါ့ဗျာ" လီပေါ်ယွဲ့က နင်နင့်အစားဝင်ပြောပေးလာတယ်။ "သူ့မျက်နှာက စခရင်ပေါ်မှာဆို အရမ်းကြည့်ကောင်းတယ်"

ထိုအမျိုးသမီးကနှာမှုတ်လိုက်တယ်။ အဲ့ဒါကနင်နင့်ကိုလှောင်လိုက်တာလား ရှင်းပြချက်ကိုလက်ခံလိုက်တာလားဆိုတာကတော့ မသဲကွဲပါချေ။

"ထိုင်" ထိုအမျိုးသမီးကကိုယ်ကိုလှည့်ကာ ဆိုဖာအနားလျှောက်သွားပြီး ထိုင်ချလိုက်တယ်။

"တို့ဘယ်သူလဲဆိုတာတော့ မင်းသိတယ်မလား?"

"သိပါတယ်" နင်နင် တစ်ဖက်အမျိုးသမီးကိုကြည့်လိုက်တယ်။

ထိုအမျိုးသမီးကလည်း ယန့်ချင်လိုပဲလူသိများတဲ့ အထင်ကရတစ်ယောက်ဖြစ်တယ်။

တစ်ခုတည်းသောကွာခြားချက်ကတော့ ယန့်ချင်ကနာမည်ကောင်းနဲ့ ကျော်ကြားတာဖြစ်ပြီး ဒီအမျိုးသမီးကတော့ နာမည်ဆိုးနဲ့ကျော်ကြားတာဖြစ်တယ်။

"ပြောကြည့်" ချီဖောင်ဝတ်ထားတဲ့ထိုအမျိုးသမီးက မေးကိုအနည်းငယ်မြှင့်ကာ အထက်စီးဆန်တဲ့အမူအရာနဲ့ နင်နင့်ကိုကြည့်လာတယ်။ "မင်းရဲ့မျက်လုံးထဲမှာ တို့ကဘယ်လိုလူမျိုးလဲ?"

ထိုအမျိုးသမီးကိုချီးမွှမ်းခန်းဖွင့်ပြီး နင်နင်မျက်နှာချိုသွေးလို့ရပေမဲ့ သူမကအဲ့လိုလုပ်ပေးဖို့လိုအပ်ရဲ့လား? သူမရဲ့ဘဝမှာအများဆုံးကြုံတွေ့ခဲ့ရတဲ့အရာက သူမရဲ့မျက်နှာရှေ့မှာချီးကျူးခန်းဖွင့်ပြီး နောက်ကွယ်မှာတော့အပုပ်ချခံရတာတွေဖြစ်နိုင်တယ်။

"ဒီလောကထဲမှာမိန်းမနှစ်မျိုးနှစ်စားရှိတယ်၊ တစ်မျိုးကအရည်အချင်းနဲ့အသက်ရှင်တာ၊ နောက်တစ်မျိုးက ရုပ်ရည်နဲ့အသက်ရှင်တာ" နင်နင်ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။ "ရှင်ကဒုတိယတစ်မျိုးပဲ"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now