«နဝမ/ဇာတ်သိမ်း» အခန်း ၁၅၈: ဖြတ်လို့မရတဲ့စည်း

1.8K 419 33
                                    

{Unicode}

«နဝမ/ဇာတ်သိမ်း»

အခန်း ၁၅၈: ဖြတ်လို့မရတဲ့စည်း

"ဟားဟား၊ အခုပေါ်လာပြီမဟုတ်လား?" ရွာသူကြီးက သူ့သားနှစ်ယောက်ရဲ့လက်ထဲကနေ ရုန်းထွက်ပြီး အ‌‌ရှေ့ကိုထော့နဲ့ထော့နဲ့ လျှောက်လာတယ်။ သူ့ရဲ့ဆံပင်ဖြူတွေက လေထဲမှာရှုပ်ပွနေပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ကွဲအက်လို့နေတယ်။ သူရုတ်တရက် လူတွေဘက်ကိုလှည့်ပြီး အရှေ့ကိုလက်ညှိုးထိုးကာ ဟန်းဟောက်လိုက်တယ်။ "အဲ့ဒီမှာမင်းတို့လိုချင်နေကြတဲ့ဟာ! အဲ့ဒါက 'ဘဝအော်ပရာဇာတ်ရုံ' ပဲ!"

ခဏတာတိတ်ဆိတ်မှုနောက်မှာ ခြေထောက်တစ်ချောင်းပြီး တစ်ချောင်းလှုပ်ရှားလာကာ မိုးအုံ့သလိုခြေသံတွေ ထွက်ပေါ်လာခဲ့တယ်။

"လမ်းမပိတ်ထားနဲ့!" ထီဆုရှင်ဟောင်းက လက်ကိုခါလာတယ်။

နင်နင်နဲ့နင်ယွိရန်က ကပျာကယာ လမ်းကနေဖယ်လိုက်တယ်။ သူမတို့နှစ်ယောက်က စင်ထောင့်စွန်းနားမှာရပ်ရင်း အပြန်အလှန်ဖက်တွယ်ထားကာ ရုပ်ရှင်ရုံအရှေ့ကို ရူးသွပ်စွာပြေးလာနေကြတဲ့လူအုပ်ကို ကြည့်နေမိတယ်။ ရုပ်ရှင်ရုံတံခါးက ကျွီခနဲမြည်သံနဲ့အတူ ဆာလောင်နေတဲ့ သားရဲတစ်ကောင်ရဲ့ ပါးစပ်လိုမျိုး ပွင့်ဟလို့လာတယ်။

လူတွေကတစ်ယောက်ပြီးတစ်ယောက် ထိုပါးစပ်ထဲကို ဝင်ရောက်ပျောက်ကွယ်လို့သွားတယ်။

"မြန်မြန်၊ မြန်မြန်" ရွာသူကြီးက လူတွေကို အဝင်ဝထဲဝင်သွားကြဖို့ ထိတ်ထိတ်ပြာပြာ လက်ဝေ့ယမ်းပြလို့နေတယ်။ စိတ်လှုပ်ရှားမှုကြောင့် သူ့ရဲ့မျက်နှာပါ နီရဲလာခဲ့တယ်။ "အားလုံးဝင်သွားကြ! အထဲရောက်ရင် ဘယ်သူ့ကိုယုံရမလဲဆိုတာ သိလိမ့်မယ်! အထဲမှာကြွယ်ဝမှုနဲ့ အာဏာရှိတယ်! မိသားစုဝင်တစ်ယောက် ဝင်သွားတာနဲ့ မျိုးရိုးစဉ်ဆက် ကောင်းကျိုးခံစားရလိမ့်မယ်! ခဏ... ခဏနေဦး!"

သူလက်ဆန့်ထုတ်ပြီး သူ့ရဲ့သားအငယ်ကိုတားကာ ထိတ်လန့်အံ့အားသင့်တဲ့အမူအရာနဲ့ မေးလိုက်တယ်။ "မင်းကဘာသွားဝင်လုပ်မလို့လဲ?"

သားအငယ်ကနီရဲနေတဲ့မျက်နှာနဲ့ ရုပ်ရှင်ရုံကိုတစ်ချက်ကြည့်ပြီး ရွာသူကြီးကိုပြန်ကြည့်ကာ ပြုံးလာခဲ့တယ်။ "အဖေ၊ ကျွန်တော်ဝင်သွားပါရစေ၊ ကျွန်တော်တို့အိမ်ထဲက တစ်ယောက်မှ အထဲမဝင်ရသေးဘူးလေ... ကျွန်တော်ဝင်သွားပြီး အဖေနဲ့အစ်ကိုကို ချမ်းသာလာအောင်လုပ်ပေးမယ်၊ ဟုတ်ပြီလား?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now