အခန်း ၁၆၆: ဘယ်တော့မှအထီးမကျန်

1.6K 355 12
                                    

{Unicode}

အခန်း ၁၆၆: ဘယ်တော့မှအထီးမကျန်

<ပြဇာတ်ရုံတစ္ဆေ> ရုပ်ရှင်၊ ဒါမှမဟုတ် ဒါရိုက်တာချန်က ကျိန်စာတိုက်ခံထားရတယ်လို့ လူတွေမှတ်ချက်ပေးနေကြတယ်။

အရင်ကရော၊ အခုရော လူသေမှုတွေ ဖြစ်ပေါ်လာတာကြောင့်ပင်။

အခုအဖြစ်အပျက်က ပိုပြီးတော့တောင် သဘာဝလွန်ဆန်နေသေးတယ်။

ဒီတစ်ခေါက်လူသတ်သမားက ကိုယ်ပျောက်လူသားတစ်ယောက်ဖြစ်တယ်။

ရဲတွေက စုံစမ်းစစ်ဆေးဖို့အတွက် ရောက်လာကြပြီး ရိုက်ကူးရေးက အချိန်တစ်ခုအထိ ရပ်တန့်ထားရတယ်။ နင်နင်နဲ့ဝမ်ယွီက ထိုအခွင့်အရေးကိုဖမ်းဆုပ်ပြီး နေရာတစ်ခုဆီကို တူတူရောက်လာခဲ့ကြတယ်– မေတ္တာကရုဏာတိရစ္ဆာန်ဆေးကုခန်း။

"အနာဂတ်မှာ မျက်နှာဖုံးနဲ့လူတွေ အများကြီးရှိလာမယ်ဆိုပေမဲ့ သူတို့အားလုံး အရေးပါကြတာမဟုတ်ဘူး" ဝမ်ယွီက နင်နင့်ရဲ့အနောက်ကနေ ပြောလာခဲ့တယ်။ "ဒီနေရာမှာရှိတဲ့လူကို မဒမ်ကြောင်လို့ခေါ်ကြတယ်၊ သူကခင်ဗျားရဲ့အဖွဲ့ထဲကဆရာဝန်၊ သူကခင်ဗျားရဲ့ အခင်ဆုံးသူငယ်ချင်းလည်းဟုတ်တယ်၊ အယုံကြည်ရဆုံးလူလည်းဟုတ်တယ်"

နင်နင်သူမရဲ့အရှေ့က တိရစ္ဆာန်ဆေးကုခန်းကို စိတ်ဝင်တစားကြည့်လိုက်မိတယ်။

သူမမှာ 'သူငယ်ချင်း' တွေရှိပေမဲ့ အများစုက စီးပွားရေးအရပဲဖြစ်တယ်။ လက်တွေ့ဘဝမှာ တကယ်ရင်းနှီးရတဲ့ သူငယ်ချင်းဆိုလို့ သိပ်မရှိပါချေ။

သူမကအချိန်အများစုမှာ အလုပ်များနေလေ့ရှိပြီး ရှိတဲ့သူငယ်ချင်းအချို့နဲ့တောင် သိပ်မဆက်သွယ်ဖြစ်တာကြောင့် သူမတို့ကြားက ဆက်ဆံရေးတွေလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ရတယ်။

ဒီတံခါးရဲ့တစ်ဖက်ခြမ်းမှာရှိနေတာက အနာဂတ်သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတဲ့လား?

"သူကကြောင်မျက်နှာဖုံးနဲ့မလို့ မဒမ်ကြောင်လို့ခေါ်တာလား?" နင်နင်ဝမ်ယွီကိုမေးလိုက်တယ်။ "သူကဘယ်လိုလူမျိုးလဲ? ဘယ်လိုလုပ်ပြီး ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာတာလဲ? သူက တိရစ္ဆာန်ဆေးကုခန်းမှာ အလုပ်လုပ်တာဆိုတော့ အခြားရွေးစရာလူ မရှိတော့လို့လား? ဘာဖြစ်လို့တိရစ္ဆာန်ဆေးကုဆရာဝန်က အဖွဲ့ရဲ့ ဆရာဝန်ဖြစ်လာတာလဲ?"

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now