အခန်း ၁၂၀: လူနာ

2K 429 21
                                    

{Unicode}

အခန်း ၁၂၀: လူနာ

"ခဏလောက်.. ခဏလောက်ဗျ!" လီရှန့်ကျူဟောဟဲလိုက်ရင်းနဲ့ ဈေးခြင်းတောင်းကိုဆွဲကာ ဓာတ်လှေကားဆီ ပြေးသွားလို့နေတယ်။

ပိတ်ကျခါနီးဓာတ်လှေကားတံခါးက တစ်ခေါက်ပြန်ပြီးပွင့်လာခဲ့တယ်။ သူဓာတ်လှေကားထဲပြေးဝင်ပြီးနောက်မှာ အသက်လုရှူ‌နေရတယ်။ ပြီးတော့မှ အသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ကို မော့ကြည့်ပြီး ပြုံးပြလိုက်တယ်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း"

"ရှောင်လီ အိမ်မှာဧည့်သည်ရှိနေတာလား?" အသက်လတ်ပိုင်းအမျိုးသမီးက သူ့လက်ထဲက ဈေးခြင်းတောင်းကိုကြည့်ပြီး ပြောလာခဲ့တယ်။ "ဒီလောက်အများကြီးဝယ်လာတာ လူအများကြီးရောက်နေလို့လား?"

လီရှန့်ကျူရဲ့မျက်နှာပန်းရောင်သမ်းသွားတယ်။ "ဟင့်အင်း တစ်ယောက်ပါပဲ"

အသက်လတ်ပိုင်းအမျိုးသမီးတွေတိုင်းက စုံထောက်အလားတူတွေချည်းပဲဖြစ်တယ်။ သူ့ရဲ့အမူအရာကိုကြည့်ရုံနဲ့ အခြေအနေကိုသိလိုက်တာကြောင့် ထိုအမျိုးသမီးကပြုံးလာတယ်။ "ကောင်မလေးလား?"

လီရှန့်ကျူရဲ့မျက်နှာက ခရမ်းချဉ်သီးတစ်လုံးလိုမျိုး နီရဲလာပြီဖြစ်တယ်။ သူခေါင်းမြန်မြန်ခါပြီး ပြန်ဖြေလိုက်တယ်။ "အခုတော့မဟုတ်သေးပါဘူး၊ သူ...သူပြောတာ ကျွန်တော်နေ့လည်စာကောင်းကောင်းချက်ကျွေးနိုင်ရင် စဉ်းစားပေးမယ်တဲ့"

"ဪ အဲ့လိုဆိုရင် မင်းသေချာလက်စွမ်းပြမှရတော့မှာပဲ" အသက်လတ်ပိုင်းအမျိုးသမီးက သူ့ကိုအကြံဉာဏ်တွေ စပြီးပေးလာတယ်။ "ဒေါ်လေးရဲ့လျှို့ဝှက်ဟင်းချက်နည်းတွေ သင်ပေးရဦးမလား? ဒေါ်လေးငယ်ငယ်တုန်းကဆိုရင် အဲ့ဟင်းချက်နည်းတွေကိုသုံးပြီးတော့ပဲ မင်းဦးလေးရဲ့နှလုံးသားကို အပိုင်ဖမ်းခဲ့တာ..."

သူမလက်ထဲမှာချီထားတဲ့ကလေးမ‌လေးက သူမကိုကြောင်တောင်တောင်နဲ့ မော့ကြည့်လို့လာတယ်။ "ဒါပေမဲ့ အမေကခေါက်ဆွဲပဲပြုတ်တတ်တာကို၊ ခေါက်ဆွဲပြုတ်ပြီး ခေါက်ဆွဲပြုတ်..."

"ကောင်မစုတ်လေး! အဲ့လောက်ထိပွင့်လင်းရလား!"

ထိုသားအမိနှစ်ယောက်ကိုနှုတ်ဆက်အပြီးမှာ လီရှန့်ကျူအိမ်ပြန်လာခဲ့တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now