အခန်း ၁၅: ဒီအမုန်းတရားကမရဏအလွန်ထိကိုတည်တံ့နေလိမ့်မယ်

4.1K 671 65
                                    

{Unicode}

အခန်း ၁၅: ဒီအမုန်းတရားကမရဏအလွန်ထိကိုတည်တံ့နေလိမ့်မယ်

နင်နင်အသက်လုရှူကာ မျက်လုံးတွေကိုဖွင့်လိုက်တယ်။

ရုပ်ရှင်ရုံထဲမှာလူတစ်ယောက်မှရှိမနေပေ။ သူမလက်ထဲကသောက်စရာခွက်က ပူနွေးနေတုန်းပဲဖြစ်တယ်။ သူမအရှေ့မှာရှိတဲ့ပိတ်ကားပေါ်မှာ ရုပ်ရှင်ကအခုမှစတင်လို့လာတယ်။

"ရှို့လန်" ချန်ကျွင်းယန့်ပြောလာတယ်။ "ငါ့မှာအစီအစဉ်တစ်ခုရှိတယ်၊ အဲ့ဒါသာအောင်မြင်ရင် ငါတို့နှစ်ယောက်လုံးလွတ်မြောက်လိမ့်မယ်"

"ဘာအစီအစဉ်လဲ?" လီရှို့လန်မေးလာတယ်။

"ငါသူများတွေကိုလိုက်မေးကြည့်ပြီးပြီ၊ သခင်မှာသမီးတစ်ယောက်ရှိတယ်တဲ့" ချန်ကျွင်းယန့်ပြောလိုက်တယ်။ "သူကသူ့သမီးအတွက်ဖျော်ဖြေပေးဖို့လူရှာနေတာ၊ ငါတို့တူတူသွားကြမယ်... ပြီးရင် မင်းကသူ့ကိုတိုက်ခိုက်ရမယ်"

လီရှို့လန့်လန့်သွားကာ ခေါင်းခါလိုက်တယ်။ "လုံးဝမလုပ်ဘူး! သခင်ငါ့ကိုသတ်လိမ့်မယ်!"

"ဆက်ကပ်ကလူလိုနေတာ၊ မင်းကိုသူသတ်မှာမဟုတ်ဘူး၊ အများဆုံးရှိအပြစ်ပဲပေးလိမ့်မယ်" ချန်ကျွင်းယန့်လက်ဆန့်ကာ သူမရဲ့ပါးကိုကိုင်လိုက်တယ်။ "ပြီးတော့ ဒါကသခင်မလေးနဲ့နီးကပ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပဲ၊ အဲ့လိုမှငါတို့နှစ်ယောက်အတွက် အခွင့်အ‌ရေးတွေရှိလာမှာပေါ့"

လီရှို့လန်သူ့ရဲ့လက်ကိုကိုင်ကာ သူမမျက်နှာနဲ့ပွတ်သပ်လိုက်တယ်။ "အဲ့ဒါဆို အကယ်၍... သခင်ကဒေါသတအားထွက်ပြီး ငါ့ကိုအရုပ်တစ်ခုရွေးခိုင်းရင်ရော?"

"မင်းဘယ်လိုပုံစံပဲပြောင်းသွားသွား..." ချန်ကျွင်းယန့် လီရှို့လန်ကိုကြင်ကြင်နာနာကြည့်လိုက်တယ်။ "ငါမင်းကိုသဘောကျနေဦးမှာပါ"

အဲ့ဒီအခန်းကိုကြည့်ရင်း နင်နင်ရေရွတ်လိုက်တယ်။ "ဆိုတော့ဒီလိုကိုး"

သူမတို့စတင်တွေ့ဆုံကြတဲ့အချိန်ကတည်းက အရာအာလုံးကချန်ကျွင်းယန့်ရဲ့လက်ထဲမှာရှိနေတာပဲ။ သူကလီရှို့လန်ကိုသိမ်းသွင်းပြီး မိန်းမလှလေးကိုကယ်တင်တဲ့သူရဲကောင်းအဖြစ် သရုပ်ဆောင်ခဲ့တာပဲ။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now