အခန်း ၆: သခင်မလေးရဲ့အပြစ်ပေးခြင်း

4.4K 710 12
                                    

{Unicode}

အခန်း ၆: သခင်မလေးရဲ့အပြစ်ပေးခြင်း

နင်နင် သူဌေးချူကို လှမ်းကြည့်လိုက်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီလူရဲ့သီချင်းကြောင့်ပဲ။

"ပြန်ပေးဆွဲခံရတဲ့ကလေးတွေကို သစ်သားရုပ်လေး‌‌တွေ ရွေးခိုင်းမယ်။ ခြေဆာကိုရွေးရင် ခြေထောက်ချိုးခံရမယ်၊ အကန်းကိုရွေးရင် မျက်လုံးဖောက်ခံရမယ်၊ ခြေပြတ်လက်ပြတ်ကိုရွေးရင် ခြေလက်တွေဖြတ်ခံရမယ်၊ သူတောင်းစားကိုရွေးရင် တောင်းစားရမယ်" ဒီသီချင်းက ယွမ်မေရဲ့ ဇီပုယွီ*ကနေလာတဲ့ သီချင်းဖြစ်တယ်။ နင်နင် အဲ့ဒီစာအုပ်တစ်အုပ်လုံးကို မဖတ်ရသေးပေမဲ့လို့ ဒီစာပိုဒ်ကတော့ အဓိပ္ပာယ်ဖော်ရ မခက်ခဲပါချေ။

သူ့ရဲ့ယေဘုယျဆိုလိုရင်းက ဒီလိုဖြစ်တယ်: လူကုန်ကူးသမားတစ်အုပ်စုက ကလေးတွေကို ပြန်ပေးဆွဲပြီးတော့ သေတ္တာထဲက သစ်သားရုပ်လေးတွေကို ရွေးခိုင်းတယ်။ ခြေဆာနေတဲ့ အရုပ်လေးကို ရွေးတဲ့ကလေးက ခြေထောက်ချိုးခံရပြီး လက်ကျိုးနေတဲ့အရုပ်ကို ရွေးတဲ့ကလေးက လက်ချိုးခံရတယ်။ လူကုန်ကူးသမားတွေက အဲ့ဒီနည်းလမ်းနဲ့ ဒုက္ခိတကလေးတွေကို ဖန်တီးပြီး သူတို့ကိုလမ်းပေါ်ပို့ကာ တောင်းစားခိုင်းတယ်။

သူ‌‌ဌေးချူ ဒီလောက်ထိချမ်းသာနေတာ အံ့ဩစရာ မဟုတ်တော့ပေ။ သူက လူကုန်ကူးသမားဖြစ်နေတာကိုး။ သူ့လက်ထဲက ငွေစတိုင်း၊ သူမရဲ့ဗီရိုထဲက အဝတ်အစားတိုင်းက လူတွေရဲ့သွေးတွေနဲ့ စိုရွှဲလို့နေတာဖြစ်တယ်။

သူမရဲ့ပေါင်ပေါ်မှာရှိနေတဲ့ သစ်သားသေတ္တာက သီချင်းထဲမှာ သီဆိုထားတဲ့သေတ္တာပဲ ဖြစ်တယ်။ သီချင်းစာသားတွေကမှန်ရင် ပြန်ပေးဆွဲခံထားရတဲ့ ကလေးတွေက သူတို့ရွေးလိုက်တဲ့ သစ်သားအရုပ်အတိုင်း ပြောင်းလဲခံရမှာဖြစ်တယ်။

နင်နင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေတဲ့အချက်က သေတ္တာထဲမှာ လူရုပ်တောင်သိပ်မရှိဘဲ တိရစ္ဆာန်ရုပ်တွေနဲ့ ပြည့်သိပ်နေတာပဲဖြစ်တယ်။

နင်နင် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်ကာ သစ်သားကြွက်ရုပ်လေးကို မြှောက်ကြည့်လိုက်တယ်။ ဒီကြွက်ရုပ်က သူမခုနက ရွေးလိုက်တဲ့ခွေးရုပ်နဲ့ မတူပေ။ ဒီသစ်သားကြွက်ရုပ်မှာက လူအမျိုးသမီးတစ်ယောက်ရဲ့ ရင်သားစိုင်တွေ ရှိနေတာဖြစ်တယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now