အခန်း ၈၂: ဇာတ်ကောင်နှစ်ခု

2.3K 478 42
                                    

{Unicode}

အခန်း ၈၂: ဇာတ်ကောင်နှစ်ခု

"ကျွန်မမောင်လေးကို ဘာဖြစ်လို့အဲ့လိုလုပ်တာလဲ?" တံခါးပိတ်ကျသွားတာနဲ့ နင်နင်ဖေရွှမ်ကို ဒေါသအပြည့်နဲ့စိုက်ကြည့်လိုက်တယ်။

"မင်းသူ့ကိုမောင်းထုတ်ချင်လည်းရတာပဲ" ဖေရွှမ်ပြန်ပြောလာတယ်။ "မင်းကြိုက်တဲ့နည်းလမ်းသုံးလို့ရတယ်"

ဖေရွှမ်လက်ထဲက ဝိုင်ခွက်ကိုဝှေ့လိုက်တယ်။ မုကွားအရှေ့မှာ ထိုဝိုင်ကို နင်နင့်အတွက်လောင်းထည့်ပေးဟန်ဆောင်ခဲ့ပေမဲ့ မုကွားထွက်သွားတာနဲ့ သူ့ဟာသူစသောက်နေတော့တယ်။ သူကရည်မွန်ဟန်ဆောင်နေတာကိုလည်း ရပ်လိုက်ပြီဖြစ်တယ်။

"မင်းဘယ်ဇာတ်ကောင်ကိုသရုပ်ဆောင်ရမလဲဆိုတာ ကိုယ်အခုပြောပြမယ်" ဖေရွှမ်ပြောလာတယ်။ "ချမ်းသာတဲ့မိသားစုက သခင်မလေး"

"အသက်က?" နင်နင်အေးစက်စက်မေးလိုက်တယ်။

ဖေရွှမ်ကသူမကို မျက်လုံးတွေနဲ့စစ်ဆေးကြည့်လာတယ်။ "မင်းလောက်အရွယ်ပဲ"

"မိသားစုကဘာလုပ်တာလဲ?" နင်နင်ဆက်မေးနေတယ်။ "သူကတစ်ဦးတည်းသောသမီးလား? မဟုတ်ဘူးဆို မောင်နှမဘယ်နှစ်ယောက်ရှိတာလဲ? သူကအလိုလိုက်ခံထားရတာလား? သူ့ဝါသနာတွေကရောဘာတွေလဲ? သူဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံနေကျလဲ?"

မေးခွန်းများစွာကို တစ်ဆက်တည်းပြောပြီးတဲ့နောက်မှာ နင်နင်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်။ ပြီးတော့ သူမစိတ်အလှုပ်ရှားလွန်သွားတဲ့အတွက် မျက်နှာပူတဲ့အကြည့်နဲ့ပြောလာတယ်။ "သူ့အကြောင်းကိုအကုန်လုံးသိထားမှ ကျွန်မသေချာသရုပ်ဆောင်လို့ရမှာပေါ့"

ရှင်လိုချင်တဲ့လူရဲ့ပုံစံကိုသိထားမှ ရှင်ဘာကြံနေလဲဆိုတာကို ဖော်ထုတ်နိုင်မှာ။

"မင်းမမေးလည်းပြောပြမလို့ပါပဲ" ဖေရွှမ်ကဝိုင်ခွက်ကိုချပြီး မတ်တတ်ရပ်ကာ ပြောလာတယ်။ "လာ ကိုယ့်အနောက်ကလိုက်ခဲ့"

နင်နင်သူ့အနောက်မလိုက်သွားခင် အနည်းငယ်တွန့်ဆုတ်နေမိတယ်။

သူတို့နှစ်ယောက်က အမိုးအောက်ထပ်ခိုးခန်းတစ်ခုဆီကို တက်လာခဲ့ကြတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now