အခန်း ၁၄၅: တရုတ်တစ္ဆေပုံပြင်

1.7K 371 10
                                    

{Unicode}

အခန်း ၁၄၅: တရုတ်တစ္ဆေ¹ ပုံပြင်

မဒမ်ချင်ဆက်သွယ်ခဲ့တဲ့လူက ဝမ်ယွီဖြစ်တဲ့အပြင် အခင်းဖြစ်ရာနေရာကို ဝင်သွားတာကလည်း ဝမ်ယွီပဲဖြစ်တာကြောင့် နင်နင့်ရဲ့ထွက်ဆိုချက်က သိပ်ကြာပါချေ။

သူမအိမ်ပြန်ရောက်တာနဲ့ အနားယူလိုက်တယ်။ နောက်တစ်နေ့မှာ ရိုက်ကူးရေးအပြီးသတ်ဖို့အတွက် သူမရိုက်ကွင်းကို ရောက်လာခဲ့တယ်။ သူမထိုင်ချပြီး မိတ်ကပ်ဖျက်နေတုန်းမှာပဲ WeChatကနေ စာတစ်စောင်ရောက်လာတယ်။ နင်နင်ဖုန်းကိုင်ပြီး ကြည့်လိုက်တော့ ပို့တဲ့လူက ဝမ်ယွီဆိုတာကို မြင်လိုက်ရတယ်။ စာထဲမှာပါတာက အင်တာဗျူးတစ်ခုရဲ့ linkဖြစ်တယ်။

ချွေ့‌ဟုန်မေက အင်တာဗျူးဖြေလို့နေတယ်။

"ရှင်တို့အားလုံး နင်နင်ကိုကြည့်ရင် အပြင်ပန်းလှတာကိုပဲမြင်လိမ့်မယ်၊ အဲ့ဒါက သူ့အေဂျင်စီအသင့်ပြင်ပြီး ကမ်းပေးထားတဲ့ ပုံရိပ်သက်သက်ပဲနော်၊ သူ့ရဲ့တကယ့်လက်တွေ့ပုံစံကို သူ့ရဲ့ဘွားအေ၊ ကျွန်မပဲသိတယ်" ချွေ့ဟုန်မေက စီးကရက်ကိုကိုင်ထားရင်း ခနဲ့တဲ့တဲ့ပြုံးလာတယ်။

နင်နင်မျက်မှောင်ကြုတ်လိုက်မိတယ်။

သမိုင်းကတကျော့ပြန်လည်လာတော့မှာလား?

မေမေလည်းဒီလိုအဖြစ်အပျက်မျိုးကို ဖြတ်ကျော်ခဲ့ရဖူးတယ်။ သူမရဲ့အောင်မြင်မှု မြင့်သထက်မြင့်တက်နေတဲ့အချိန်မှာ ချွေ့ဟုန်မေက ရုတ်တရက်ကြီး တီဗီအင်တာဗျူးတစ်ခုကို လက်ခံဖြေဆိုလာခဲ့တယ်။ ထိုအင်တာဗျူးထဲမှာ သူမက နင်ယွိရန်ကို ကျေးဇူးမသိတတ်ဘူး၊ အေးစက်ပြီး ရက်စက်တယ်၊ စတဲ့စကားတွေနဲ့ အပုပ်ချခဲ့တယ်။

ထိုကျေးဇူးမသိတတ်ဘူးဆိုတဲ့ စကားစုက နင်ယွိရန်ရဲ့အနောက်ကို တောက်လျှောက် တကောက်ကောက်ကပ်ပါလာပြီး သူမရဲ့နာမည်ကို အတော်လေးစွန်းပေစေခဲ့တယ်။ သူမကုမ္ပဏီနဲ့ ဒါရိုက်တာချန်ရဲ့အားထုတ်မှုတွေအပြီးမှာမှ ချွေ့ဟုန်မေရဲ့လောင်းကစားသမိုင်း၊ ငွေချေးမှတ်တမ်းတွေနဲ့ သူမလက်သပ်မွေးထားတဲ့ အသက်ငယ်ငယ်ကောင်လေးတွေကို ထုတ်ဖော်နိုင်ခဲ့တယ်။ အဲ့ဒီတော့မှ အပြစ်ရှိတဲ့လူက နင်ယွိရန်မဟုတ်ဘဲ 'အေးစက်ပြီး ရက်စက်တယ်' ဆိုတဲ့ စကားလုံးတွေကို ထုတ်ပြောခဲ့တဲ့ ချွေ့ဟုန်မေကသာ တကယ့်ကုပ်သွေးစုပ်တဲ့ အမေဆိုတာကို လူတွေသိခဲ့ကြတယ်။

ငါဒီရုပ်ရှင်ထဲကူးပြောင်းလာဖူးတယ် « 这个电影我穿过 »Where stories live. Discover now